Monday, October 4, 2010

ပဉ္စ၀တီ FM မှ အသျှင်ပညာစာရ မကောင်းကြောင်း လိမ်လည် ထုတ်လွှင့်

စစ်တွေမြို့မှ ထုတ်လွှင့်နေသော ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများကို လုပ်ကြံ ထုတ်လွှင့်နေကြောင်း သတင်း ရရှိသည်။


အမည်မဖေါ်လိုသူ လူငယ် တစ်ဦးက “ သူတို့က သီချင်းတွေ လွင့်တယ်။ ပီးရင် ဆရာတော် မကောင်းကြောင်း သတင်းတွေကို လွှင့်တယ်။ နောက် သတင်းတွေလာတယ်။ သီချင်းတွေက လူငယ်တွေ အကြိုက်ဆိုတော့ လူငယ် အများစုက နားထောင်ကြပါတယ်။ အဲသလို နားထောင်တဲ့ လူငယ်တွေကို ဆရာတော်ကို အရေးယူရတာဟာ မကောင်းမူ ကိုလုပ်တဲ့ အတွက် ဖြစ်တယ်ဆိုပီး သူတို့က ၀ါဒဖြန့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရဟန်းငယ် တစ်ပါးကလည်း “ ပြည်ပ သတင်းဌာနတွေက ဆရာတော် ပညာစာရ သတင်းလာပီဆိုရင် နောက်တစ်နေ့မှာ ပဉ္စ၀င်္တီက ဆရာတော် မကောင်းကြောင်းကို လွင့်ထုတ် ပါပြီ။ ဦးဇင်းတစ်နေ့ နားထောင်တော့ သူတို့က ဘယ်လို လွင့်သလဲဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အထူးတည်ငြိမ်အေးချမ်းတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ်။ ဒါကို မနာလို မရှု့စိမ့်တဲ့ သူတွေက ဗုံးခွဲဖို့ ကြံစည်ကြိုးစားတဲ့ အတွက် အချိန်မှီ ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်။ ခုလည်း ဆရာတော် ပညာစာရဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်လာတဲ့ အတွက် သာသနာ့ သန့်ရှင်းရေး အတွက် ဖမ်းဆီး အရေးယူရတာ ဖြစ်တယ်ဆိုပီး ထုတ်လွှင့်သွားတာကို ဦးဇင်း နားထောင်လိုက်ရပါတယ်” ဟု ပြောသည်။

နိရဉ္စရာတွင် ဖတ်ရှုရန် ...

No comments:

Post a Comment