Monday, August 23, 2010
အရှင်နာဂိန္ဒမော်ကွန်းကို စိန်ခေါ်လိုက်တာ ဖြစ်တယ်
စာရေးသူ – ခိုင်လင်း (မေဃဝတီ)
ရမ္မာဝတီ အရှင်ပညာစာရ သတင်းတွေ ဖတ်ရတော့ သွေးတွေ ဗလောင်ဆူပွစေခဲ့တယ်။ ဒီသတင်းတွေကို အခြေခံပြီး စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ရှုတ်ချကာ ဆောင်းပါးတပုဒ်ရေးဖို့ စိတ်ကူးရှိပေမယ့် လက်ကချမရေးဖြစ်ခဲ့။ သတင်းဌာန ပေါင်းစုံက သတင်းတွေကို အချိန်ယူပြီး အသေးစိတ် ဖတ်ဖြစ်တယ်။ အသေးစိတ် သွေးတွေကို ဆူလောင်စေတဲ့လုပ်ရပ်။ စစ်တွေကို သုံးလေးကြိမ်လောက် ဖုံးဆက်ဖြစ်ပြီး ထင်မြင်ချက်တွေ နားထောင်ကြည့်တယ်။
အမျိုးသီလ နှစ်ဌာနဆိုတာ ရခိုင်တွေရဲ့သွေး။ တပ်မတော်ထဲက ရခိုင်တွေ ဒီ ဗီဇသွေး ပျောက်ကုန်ပြီလား။ လက်ထဲက သေနတ်တွေ အမျိုးသီလ နှစ်ဌာန အတွက် ကာကွယ်သင့်တယ်။ ရမ္မာဝတီ အရှင်ပညာစာရရဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးတာ မဟုတ်ဘူး။ ရခိုင်တမျိုးသားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံရှုံးတာဖြစ်တယ်။ ရှေးဟောင်း ပေစာတွေမှာ အကြောင်းအရာမျိုးစုံ ပါနေလိမ့်မယ်၊ ရှေးခေတ် ရခိုင်စာပေရဲ့မှတ်တမ်းတွေ၊ စာပေလက်ရာတွေ ဖြစ်တဲ့အတွက် တန်းဖိုး ပိုင်းဖြတ်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ ရခိုင်ဒင်္ဂါး။ ပြောရရင် ရခိုင်က သီးခြား နိုင်ငံတော်အဖြစ် နေခဲ့စဉ်က နိုင်ငံရဲ့ ငွေကြေး ထုတ်လုပ်ခဲ့ခြင်းဟာ မြန်မာ(ဗမာ)တွေထက် နှစ်ပေါင်းများစွာ စောတယ်။ ဒီ ဒင်္ဂါး (ငွေကြေး) တွေဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ပြသနေတာဖြစ်တယ်။ ပညာရှင်တွေ ပြောကြတာကတော့ လူမျိုးတစ်မျိုး ယဉ်ကျေးမှု ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲဆိုတာကို အဲဒီလူမျိုးရဲ့ ဂန္တ၀င်ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တိုင်းတာရတယ်လို ပြောကြတယ်။
သတင်းအချက်အလက်တွေအရ စာရင်းဇယားမရှိပဲ ဆရာတော် စုဆောင်းထားတဲ့ ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး (ရခိုင်ပိုက်ဆံ) စတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အတင်းအဓမ္မ သိမ်းယူလိုက်ခြင်းဟာ ရခိုင်တစ်မျိုးသားလုံး အနေနဲ့ အတိတ်ကို ပြန်ပြောင်း သတိရသင့်တယ်။ အတိတ်ကို ပြန်ပြောင်းသတိရတဲ့ လူတွေလည်း ရှိကြမယ်။ ပြောရရင် နှစ်ပေါင်း နှစ်ရာကျော် ကြာသွားခြင်းဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးအတွက် ကြာတဲ့ အချိန်ကာလဟုတ်ဘူး။ အတိတ်ကို ပြန်ပြောင်း သတိရခြင်းနဲ့ အတူ ကိုယ့်ပြည်သူတွေအတွက် ဘာတွေပေးသင့်သလဲ၊ အတိတ်ကို ပြန်ပြောင်းသတိရသင့်တယ် ဆိုတာ သတိရရုံအဆင့်ကို ကျော်လွန်ပြီး တပ်မတော်ထဲက ရခိုင်လူမျိုးတွေ အထူး နားလည်သင့်တယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ တပ်မတော်ထဲက ရခိုင်တွေက ပိုပြီးရှိတယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ လက်ထဲမှာ ရှိတယ်။ ဒီနေရာမှာ အသေအချာ ပြောချင်တာက နိုင်ငံရေး အရောင်အသွေးမပါဘူး။ ပြီးတော့ တပ်မတော်ဆိုတဲ့ စကားလုံးကို အခြေခံပြီး လူတစ်စုက လုပ်နေတယ် ဆိုတာကို ပြောချင်တယ်။
၁၇၈၄ တုန်းက ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာဖြစ်သွားသလဲ။ ပြန်စဉ်းစားသင့်တယ်။ ယူလို့ရတာ အကုန်ယူ၊ ယူလို့ မရရင် မီးရှို့။ မန္တလေးရောက် ရခိုင်မဟာမုနိဘုရားက သက်သေပြနေတယ်၊ ယူမရတဲ့ ရခိုင့် ဘုရင့်နိုင်ငံတော်က နန်းတော် ကို ပြာပုံဘဝ ပို့ပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်ပြောင်း သတိရသင့်တယ်။ ဒီနေ့ ရမ္မာဝတီ အရှင်ပညာစာရ စုဆောင်းထားတဲ့ ရှေးဟောင်း အမွေအနှစ်တွေဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေ၊ ရခိုင်လူမျိုးတွေရဲ့ သွေးသား တွေပါ။ လူမျိုးတစ်မျိုးအတွက် ရှေးဟောင်း အမွေအနှစ်ဆိုတာ သိပ်အရေးကြီးတယ်။ ၁၇၈၄ တုန်းက ဖျက်ဆီးတန် ဖျက်ဆီး၊ ယူတန်ယူပြီး ဒီနေ့အချိန်ထိ ကျန်နေသေးတဲ့ ရခိုင့်အမွေအနှစ်တွေကို သွေးအေးအေးနဲ့ ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ သတင်းမီဒီယာတွေပေါ် မရောက်ခဲ့တာတွေ ရှိတယ်။ သမိုင်း အမွေအနှစ်ဆိုတာ ဇာတိမာန်ကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ဇာတိမာန် ပြန်လည် မရှင်သန်လာရအောင် ဟိုးကတည်းက လုပ်ခဲ့သလို ကျန်နေသေးတဲ့ သမိုင်းအမွေအနှစ် တွေကိုလည်း အခါအခွင့်သင့်ရင် သင့်သလို ဖျက်ဆီးခံခဲ့ရသလို ယနေ့လည်း ဖျက်ဆီးခံနေရတယ်။ ဆိုတော့ အရှင်ပညာစာရရဲ့ စုဆောင်းထားတဲ့ ရခိုင့်ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး စတဲ့ သမိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေ ဖြစ်တယ်ဆိုတဲ့ အသိနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်တယ်။ အမျိုးသီလ နှစ်ဌာနနဲ့ သန္ဓေတည်လာတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ တမျိုးသားလုံးကို စိန်ခေါ်သလို ဖြစ်နေတဲ့ ဒီကိစ္စကို လက်ပိုက် ကြည့်မနေသင့်ပါ ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အနေနဲ့ ဦးဆောင်ပြီး ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ဒီပါတီရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံတယ်။ သေချာတာ တစ်ခုက အမျိုးသားရေးဆိုင်ရာ ကိစ္စဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးထက် အရေးကြီးတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ဂျပန်) ဌာနခွဲရဲ့ လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ အခြားသော ရခိုင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး မဟုတ်သော အဖွဲ့အစည်းများ အနေနဲ့လည်း သီးခြားသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မိဘမဲ့ ရခိုင်လူမျိုး ကလေးငယ်တွေကိစ္စကို လုပ်ဆောင်ချက်ကလည်း တကယ့် ကြေကွဲစရာဖြစ်တယ်။ ရခိုင်လူထုတွေက တာဝန်ယူနေပါလျှက် မြန်မာ (ဗမာ) ပြည်ကို ပို့လိုက်ခြင်းကလည်း ရခိုင်တွေရဲ့ သွေးသားထဲက အမျိုးသီလ နှစ်ဌာနကို စိန်ခေါ်လိုက်တာ ဖြစ်တယ်။ ဒီကလေးတွေ ဘာဖြစ်သွားမလဲ။
ဒီကိစ္စက ရခိုင်လူမျိုးတွေ တကယ့် မလိုလားအပ်တဲ့ကိစ္စ တစ်ခုပါ။ တရားလိုတွေ စွပ်စွဲပြောဆိုသလို သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှေးဟောင်း ရခိုင်ပေစာ၊ ဒင်္ဂါးစတဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို သိမ်းစရာမလို၊ ထို့အတူ မိဘမဲ့ ရခိုင်ကလေးငယ်တွေကို တာဝန်ဆက်ယူမည့် စစ်တွေမြို့ရှိ ရပ်မိရပ်ဖများကို မလွှဲအပ်လိုက်ပဲ မြန်မာ(ဗမာ) ပြည်ကို အတင်းအကြပ်ပို့စရာမလို။ ကျောင်းကို ချိတ်ပိတ်စရာမလို။ ယခုကဲ့သို့ မလိုအပ်သည့် အရာတွေကိုပါ လုပ်ဆောင်လာခြင်းဟာ ရခိုင်တမျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ တနည်းအားဖြင့် အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ် လိုက်တာဖြစ်တယ်။
=====
(အခုချိန်မှာတော့၊ ဆရာတော်ကို မာတုဂါမနဲ့ စွပ်စွဲတဲ့ ကိစ္စဟာ နအဖနဲ့ သူ့ရဲ့ အလိုတော်ရိတွေက တမင်တကာ အကွက်ဆင် လုပ်ကြံဖန်တီးခြင်း ဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားလာပြီ ဖြစ်ပါတယ်။ နအဖ အစိုးရဖက်က တရားလိုပြ သက်သေကိုယ်တိုင်က- သူမကို တိုင်ကြားသူတွေက ငွေကျပ် သိန်း (၂၀) ပေးပြီး လိမ်လည် ခိုင်းခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့ တရားရုံးမှာ ထွက်ဆိုချက်ကို ကြည့်ရင်- ဒီစွပ်စွဲချက်တွေဟာ နအဖနဲ့ အလိုတော်ရိတွေရဲ့ လိမ်လည် လုပ်ကြံမှုတွေ ဖြစ်ကြောင်း ထင်ရှားနေပါပြီ။ )
Arakan Review မှ...
Sunday, August 8, 2010
ရခိုင် သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ
လွန်ခဲ့သည့်ဂျူလိုင်လ ၂၇ ရက်နေ့  နံနက်၁၀နာရီ ၁၅မိနစ်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ ဝင်များစွာတို့  လက်နက်၊ ဒိုင်းကာများနှင့် စစ်တွေမြို့ ၊ ကန် တော်ကြီး၊ အာကျိပ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ရန်သူ့  စစ်စခန်း ၀င်စီးသည့် အနေ အထားမျိုးဖြင့် ၀ိုင်းထားလိုက်ကြသည်။ ထို့ နောက် ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်း သုတေသီ စာရေးဆရာ၊ အယ်ဒီတာ ရမ္မာဝတီအသျှင်ပညာစာရအား ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြသည်။ ဆရာတော်အား ဖမ်းဆီးပြီး နောက်၊ ဆရာတော်ကိုယ်တိုင် အနှစ်နှစ်အလလ ဆင်းရဲပင်ပန်းကြီးစွာ ရခိုင်ပြည်အနှံ့ ခြေကျင်ခရီးဆန့် လျက် ရှာဖွေ ဖော်ထုတ် စုဆောင်းထားခဲ့ သော ရခိုင်ပြည်သုံး ရှေးဟောင်းဒင်္ဂါးများ၊ ဓည၀တီခေတ်မှစ၍ မြောက်ဦးခေတ် ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင် ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇ၀င်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည်တနံတလျားမှ ရှာဖွေထားသော ငစွေခြင်း၊ ဇန်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်းများ အပါအ၀င် ရှိရှိသမျှသော ရခိုင်စာပေ၊ ကျေးလက်ရိုးရာ တေးကဗျာ များကို တခုမကျန် အားလုံး သိမ်းကြုံး ယူဆောင်သွားခဲ့ကြသည်။ ဆရာတော်အား စစ်တွေအမှတ်(၁)ရဲစခန်း၌ အဓမ္မသင်္ကန်းဆွဲချွတ်၊ လူဝတ်လဲကာ ချုပ်နှောင်ပြီး၊ နိုင်ငံရေးမှု အပါအ၀င် အခြား လူမဆန်သည့် စွပ်စွဲချက်များ ဖြင့် ဖိအားပေး စစ်ဆေးလျက်ရှိသည်။
ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရသည် သက်တော်(၅၇)နှစ်၊ ၀ါတော်(၃၇)၀ါရှိပြီး၊ ရမ်းဗြဲမြို့ နယ်၊ ခွဆုံရွာသစ် (ကံ့ကော်တောင်)ရွာ ဇာတိဖြစ် သည်။ ခမည်းတော်မှာ ဦးရွှေလှဖြစ်ပြီး၊ မယ်တော် ဒေါ်ယင်မေညိုဖြစ်သည်။ ငယ်စဉ်က ရမ်းဗြဲမြို့ အင်းတောင် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားခဲ့ပြီး၊ ပထမကြီးတန်းထိ အောင်မြင်ခဲ့သည်။ ငယ်စဉ်ကပင် ရခိုင်ရာဇ၀င်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ စသည့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ စုဆောင်း ဖော်ထုတ်လိုစိတ် နက်ရှိုင်းကြီးမားလှ သည်။ ရခိုင်တစ်ပြည်လုံး ကျေးလက်တောရွာများသို့ ငတ်ပြတ်၊ ဆင်းရဲမှုဒဏ်ကို သည်းခံလျက် ရခိုင်ရိုးရာယဉ်ကျေး မှုကို တစိုက်မတ်မတ် သွားရောက် ရှာဖွေ ဖော်ထုတ် စုဆောင်းခဲ့သည်။ ရမ္မာဝတီမဂ္ဂဇင်း၊ ရခိုင်ရိုးမမဂ္ဂဇင်း အပါအ၀င် ရခိုင်ဒေသထုတ် မဂ္ဂဇင်း၊ စာစောင်များ၏ အမြဲတမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ဒေသမဂ္ဂဇင်းများတွင်လည်း ရမ္မာဝတီ-ပညာစာရ အမည်ဖြင့် ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။ ရမ္မာဝတီသဘာဝတေးကဗျာများ စာအုပ်အပါအ၀င် ရခိုင်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်စာအုပ်များ ပုံနှိပ် ထုတ် ဝေခဲ့သည်။ ဆရာတော်ကို လေးစားသည့် နိုင်ငံတကာမှ သမိုင်းပညာရှင်များ မကြာခဏ လာရောက် အကူအညီ တောင်းခံကြရာတွင် သြစတြီးယား အမျိုးသားတက္ကသိုလ် ပါမောက္ခ ပင်မလာဂတ်မင် မှသည် ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ် ပါမောက္ခ ဂျက်လေဒါ အထိ ပါဝင်ကြသလို နိုင်ငံတကာ နှင့် ပြည်တွင်းမှ သမိုင်း၊ ရှေး ဟောင်းသုတေသန၊ အရှေ့ တိုင်းဘာသာရပ်များဖြင့် ဘွဲ့ ယူစာတမ်ြး ပုစုမည့် တက္ကသိုလ်ကျောင်းသားများ ကိုလည်း သမိုင်းဆိုင်ရာ အချက်အလက်များကို လူမျိုးမရွေး၊ ဘာသာမရွေး ကူညီဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ စစ်တွေတက္ကသိုလ်၊ စစ်တွေ ရခိုင်ယဉ်ကျေးမှုပြတိုက်တို့ အတွက် များစွာ အထောက်အကူပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများ၊ စာအုပ်များရေးသား ထုတ်ဝေနေသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တိုင်း ဆရာတော်ထံမှ ပုံစံမျိုးစုံဖြင့် အကူအညီ ယူခဲ့ကြရသည်။ မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန၊ မြန်မာစာအဖွဲ့ တို့ မှပုဂ္ဂိုလ်များလည်း မကြာခဏ လာရောက်၍ ဆွေးနွေး အကူအညီတောင်းခံလေ့ရှိကြသည်။
၁၉၉၀ခုနှစ်တွင် ဆရာတောာ်သည် စစ်တွေ၊ကန်တော်ကြီးရပ်ကွက်၌ ရခိုင်သို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာ စရောက်သည့် အမှတ်သင်္ကေတ ဓည၀တီိခေတ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အစွဲပြု ၍ မဟာမုနိဗုဒ္ဓ၀ိဟာရ အမည်ရှိ ၀ါးကျောင်းငယ်တစ်ခုကို စစ်တွေမြို့ မှ ရခိုင်စာပေသမားများနှင့် ဆောက်လုပ်ခဲ့သည်။ ဆွမ်းအခက်အခဲ ရှိ၍ ဆန်နို့ စည် ၁ဗူး လူ ၄ ယောက် စားသောက်လျက် မဟာမုနိကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ဆင်းရဲ ငတ်ပြတ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရသော်လည်း ရခိုင်စာပေ၊ ရခိုင်တောင်ပိုင်း မြောက်ပိုင်း ညီညွတ်ရေး အတွက် ဆရာတော် အပြုံးမပျက်ဘဲ ကန်တော်ကြီး၊ မင်းဂံရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ ကို၊ ရာနှင့်ချီလျက် မူလတန်းမှ အထက်တန်းထိ အခမဲ့ ပညာသင်ကြားပေးရုံမျှမက အစွန့် ပစ်ခံ ရင်ခွင်ပိုက် မိဘမဲ့ကလေးငယ်များကိုလည်း ကောက်ယူ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ကုလားများက မူဆလင်အဖြစ် အသွင်ပြောင်းရန် လူကုန်ကူးခံရမည့် ရခိုင်မိဘမဲ့ကလေးများကို တဖက်လှည့်ဖြင့် ငွေနှင့်လဲလှယ် ယူလျက် မွေးမြူကာ ဗုဒ္ဓဘာသာ သင်္ကန်းစည်းပေးခဲ့သည်။
ဆရာတော်၏ မြင့်မြတ်သော စိတ်ဓာတ်ကို လေးစားကြသော ပြည်တွင်းပြည်ပ စာရေးဆရာ၊ သမိုင်းသုတေသီများ နှင့် ရခိုင်အင်အားစုများက လှူဒါန်းခဲ့ကြသည်။ ဤသည်ကို ရခိုင် သွေးစည်းညီညွတ်ရေးကို ပျက်စီးစေလိုသော၊ ရခိုင်သမိုင်း အမွေအနှစ်များကို ဖျက်ဆီးလိုသော ဗမာလူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့ က စားဖားသမား အမျိုးသားသစ္စာဖောက် တချို့ ကို အသုံးချပြီး၊ ဆရာတော်၏ ကိုယ်ကျင့်သိက္ခာကို ချနင်းကာ တမျိုးသားလုံး၏ အသက်တမျှ အရေးကြီးလှသည့် ရခိုင်သမိုင်းအမွေအနှစ်ကို လုယူခဲ့ကြသည်။
နအဖပစ်သောမြားသည် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ တစ်ဦးတည်းကို ပစ်ခြင်း မဟုတ်၊ရခိုင်တမျိုးသားလုံး၏ နှလုံးသားတည့်တည့်ကို စူးနစ် စိုက်ဝင်စေသော မြားသာဖြစ်သည်။ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းရှိ ရခိုင်ကျောင်းသား ၁၂၀ ကျော်တို့ မှာ ဆရာတော်မရှိသဖြင့် အမိမဲ့သား ရေနည်းငါး ပမာရင်နှင့်အမျှ ပူလောင်နေကြရလေပြီ။
ပြည်တွင်း ပြည်ပ ရခိုင်အင်အားစုများအနေဖြင့် ရခိုင်သမိုင်း သုတေသီ ကရုဏာရှင် ဆရာတော် အသျှင်ပညာစာရ အမြန်ဆုံး ပြန်လွတ်ရေးအတွက် ကြိုးပမ်း ပေးကြပါရန် အထူး နှိုးဆော်အပ်ပါသည်။
ရခိုင်ရှေးဟောင်းအမွေအနှစ်များကို ဓားပြတိုက် လုယူခြင်း (သို့) ရခိုင်တစ်မျိုးသားလုံး၏ ရင်ဝကို လှံစိုက်ခြင်း (လမ်းပြကြယ် WebSite)
Friday, August 6, 2010
အနာဂတ်ရဲ့ ရခိုင် မျိုးဆက်သစ်ကြယ်ပွင့်များ
ဒီလို မွေးကင်းစ ကလေးများမှ စတင်၍....
နိုင်ငံတကာ တက္ကသိုလ်များတွင်
အဆင့်မြင့် ပညာရပ်များ ဆည်းပူးနိုင်သည် အထိ.....
---------------------------------
လူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့၏
အစုလိုက်အပြုံလိုက် လူသားမျိုးနွယ် ပြောင်းရွှေ့မှုလုပ်ခြင်း ခံလိုက်ရသော
အသျှင်ပညာစာရ ပြုစုစောင့်ရှောက်ထားသည့်
မိဘမဲ့ ရခိုင်ကလေးငယ်များ စာရင်း
မဲနောင်၊ ၁ နှစ်အောက်
လှလှခိုင်၊ ၁ နှစ်အောက်
အောင်ကျော်လှ၊ ၁ နှစ်အောက်
မောင်ရွှေစိန်၊ ၁ နှစ်အောက်
လူလှခိုင်၊ ၁ နှစ်အောက်
ခိုင်သင်းနွယ်၊ ၁ နှစ်အောက်
ယဉ်မြင့်ထွန်း၊ ၁ နှစ်အောက်
ငယ်ငယ်၊ ၁ နှစ်၊
မောင်ဘုချေ၊ ၁ နှစ်၊
ဖြူမချေ၊ ၁ နှစ်၊
မဲမချေ၊ ၁ နှစ်၊
ခိုင်သန္တာ၊ ၁ နှစ်၊
အောင်နိုင်၊ ၁ နှစ်၊
ဝါဘိုချေ၊ ၁ နှစ်၊
သူဇာဝင်း၊ ၁ နှစ်၊
သောကြာအောင်၊ ၁ နှစ်၊
ဝင်းဝင်း၊ ၁ နှစ်၊
ရီဝေယံ၊ ၁ နှစ်၊
ခိုင်မျိုးဝင်း၊ ၁ နှစ်၊
ဝင်းဌေး၊ ၁ နှစ်၊
ခိုင်ချစ်အောင်၊ ၁ နှစ်၊
ဖြူတောင်းချေ၊ ၂ နှစ်၊
ဝိုင်းမချေ၊ ၂ နှစ်၊
အငယ်၊ ၂ နှစ်၊
မဲညို၊ ၂ နှစ်၊
သဇင်ဦး၊ ၂ နှစ်၊
စိုးမိုးကျော်၊ ၂ နှစ်၊
ကျော်နိုင်စိုး၊ ၃ နှစ်၊
အလတ်မ၊ ၃ နှစ်၊
မှုံစိ၊ ၃ နှစ်၊
မိုးဒီ၊ ၃ နှစ်၊
ခိုင်ဇံဝေ၊ ၄ နှစ်၊
လှဝေထွန်း၊ ၄ နှစ်၊
နှာခေါင်းမ၊ ၄ နှစ်၊
သန့်သန့်ဝေ၊ ၄ နှစ်၊
ကျော်ဇောအောင်၊ ၄ နှစ်၊
အငယ်မ၊ ၄ နှစ်၊
ညီချေ၊ ၄ နှစ်၊ သူငယ်တန်း
ကျော်လင်း၊ ၅ နှစ်၊ သူငယ်တန်း
ဖြူမ၊ ၅ နှစ်၊ သူငယ်တန်း
မြောက်ဦး၊ ၅ နှစ်၊ သူငယ်တန်း
ယောက်ျားချေ၊ ၅ နှစ်၊ သူငယ်တန်း
သဇင်နွယ်၊ ၅ နှစ်၊ သူငယ်တန်း
သားကြီး၊ ၅ နှစ်၊ သူငယ်တန်း
သဇင်၊ ၆ နှစ်၊ သူငယ်တန်း
ကျောက်ခဲ၊ ၆ နှစ်၊ သူငယ်တန်း
အောင်ရွှေဖြူ၊ ၆ နှစ်၊ သူငယ်တန်း
ပန်းကြိုင်မ၊ ၆ နှစ်၊ သူငယ်တန်း
ဝါကြီးချေ၊ ၆ နှစ်၊ သူငယ်တန်း
ကံကျော်ထွန်း၊ ၆ နှစ်၊ သူငယ်တန်း
လှိုင်ကျော်ရွှေ၊ ၆ နှစ်၊ သူငယ်တန်း
မြသာအောင်၊ ၇ နှစ်၊ သူငယ်တန်း
မောင်ဖြူ၊ ၇ နှစ်၊ သူငယ်တန်း
ငမဲတောင်၊ ၈ နှစ်၊ သူငယ်တန်း
ခွာညို၊ ၈ နှစ်၊ သူငယ်တန်း
သန္တာခိုင်၊ ၉ နှစ်၊ ပထမတန်း
မောင်ထွန်းဦး၊ ၉ နှစ်၊ ပထမတန်း
ကျော်လင်းခိုင်၊ ၉ နှစ်၊ တတိယတန်း
လှစိုးအောင်၊ ၉ နှစ်၊ တတိယတန်း
အောင်မြကျော်၊ ၁၀ နှစ်၊ ပထမတန်း
မောင်နိုင်နိုင်၊ ၁၁ နှစ်၊ ဆဌမတန်း
မြသန္တာ၊ ၁၂ နှစ်၊ သူငယ်တန်း
ပါးပူ၊ ၁၃ နှစ်၊ တတိယတန်း
လုံးမ၊ ၁၃ နှစ်၊ တတိယတန်း
ပေါက်ပေါက်၊ ၁၃ နှစ်၊ တတိယတန်း
မဲကျီမ၊ ၁၃ နှစ်၊ တတိယတန်း
အေးအေးလွင်၊ ၁၃ နှစ်၊ တတိယတန်း
သာထွန်းအောင်၊ ၁၃ နှစ်၊ စတုတ္ထတန်း
ကြွီလတ်၊ ၁၃ နှစ်၊ ပဉ္စမတန်း
မောင်သန်းရွှေ၊ ၁၃ နှစ်၊ သတ္တမတန်း
မောင်မှတ်၊ ၁၄ နှစ်၊ သတ္တမတန်း
ထွန်းကျော်သိန်း၊ ၁၄ နှစ်၊ စတုတ္တတန်း
ကျော်သာထွန်း၊ ၁၄ နှစ်၊ စတုတ္ထတန်း
ကြွီကြီး၊ ၁၄ နှစ်၊ စတုတ္ထတန်း
ပဲသီးအောင်၊ ၁၅ နှစ်၊ စတုတ္ထတန်း
စိန်သာဦး၊ ၁၅ နှစ်၊ ပဉ္စမတန်း
စနီအောင်၊ ၁၅ နှစ်၊ ပဉ္စမတန်း
ဖြူလှဦး၊ ၁၅ နှစ်၊ ဆဌမတန်း
ခိုင်ထွန်းအောင်၊ ၁၅ နှစ်၊ သတ္တမတန်း
အေးသာအောင်၊ ၁၅ နှစ်၊ စတုတ္ထတန်း
ထွန်းကျော်ခိုင်၊ ၁၅ နှစ်၊ အဌမတန်း
ဖြူချမ်းအောင်၊ ၁၆ နှစ်၊ န၀မတန်း
သန်းမေ၊ ၁၆ နှစ်၊ န၀မတန်း
ကြိုင်သာအောင်၊ ၁၆ နှစ်၊ ပဉ္စမတန်း
အောင်တင်ထွန်း၊ ၁၇ နှစ်၊ န၀မတန်း
ပေါ်ထွန်းအောင်၊ ၁၈ နှစ်၊ စတုတ္တတန်း
ကျော်မိုးထွန်း၊ ၁၈ နှစ်၊ တက္ကသိုလ် ၀င်တန်းအောင်
ကောင်းစံဦး၊ ၁၉ နှစ်၊ ပဉ္စမတန်း
ထွန်းအောင်ကျော်၊ ၁၉ နှစ်၊ န၀မတန်း
ကျော်ဇောလှ၊ ၁၉ နှစ်၊ သတ္တမတန်း
ခိုင်အောင်လင်း၊ ၂၁ နှစ်၊ ဒသမတန်း
ညီညီ၊ ၂၄ နှစ်၊ န၀မတန်း
ချဘု၊ ၂၆ နှစ်၊
သုတေသနသမား ဦးပညာစာရ
နိုင်ငံခြား သုတေသီတွေရဲ့ သုတေသန စာတမ်းတွေထဲမှာ တွေ့ရတဲ့ ဦးပညာစာရ (Source: Google Search)  
နိုင်ငံတကာ သုတေသန စာတမ်း ကျမ်းကိုးမှတ်စုမှာ တွေ့ရတဲ့ ဦးပညာစာရ (Source: Google Search)  
သုတေသန စာတမ်းထဲမှာ ကျေးဇူးတင်ကြောင်း ဖော်ပြခံရတဲ့ သမိုင်းသုတေသီ
ရမ္မာဝတီ အသျှင်ပညာစာရ (Source: Google Search)
အသျှင်ပညာစာရ အယ်ဒီတာ အဖြစ်ဆောင်ရွက်တဲ့ ရခိုင်ရိုးမ မဂ္ဂဇင်း
ဈေးကွက် ဂျာနယ်ရဲ့ စာပေ သတင်းထဲမှာ တွေ့ရတဲ့ သုတေသီ အသျှင် ပညာစာရ (Source: Google Search)
နအဖတို့ရဲ့ မတရား သိမ်းပိုက်တာတွေထဲ ပါသွားတဲ့
အသျှင်ပညာစာရ စုဆောင်းထားတဲ့ ရခိုင်လောကသာရပျို့ မူရင်း ပုရပိုက်
(မူရင်း ရခိုင်အက္ခရာတွေနဲ့ ရေးထားတာကို ဖတ်ရှုနိုင်ပါတယ်)
ဆရာတော်ဆီကနေ အဲဒီပုရပိုက်မူကို ရခိုင်ပြည်နယ် ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာနက
ရရှိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ဒီပုရပိုက်မူ ဖိုင် ကို မျိုးသာဂီ ကနေ အောက်ပါလင့်အတိုင်း တင်ပေးခဲ့တာဖြစ်လို့ မျိုးသာဂီကို အထူးကျေးဇူးတင်ပါတယ်။  
အသျှင် ပညာစာရ (သို့မဟုတ်) သုတေသနကို အရိုးသားဆုံး နှင့် အနုံချာဆုံး လုပ်ဆောင်သူ
အသျှင်ပညာစာရ မည်သူနည်း ဆိုသည်နှင့် သူ့ဘ၀ သက်တမ်း တစ်လျှောက် သူဘာတွေ လုပ်ဆောင်ခဲ့ သနည်း ဆိုသည်ကို သိရှိသူ နည်းပါးလှပေသည်။
ပညာစာရသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀က မိဘမဲ့ တစ်ဦး ဖြစ်ခဲ့သည်။
သူသည် အလွန် ရှားပါး တန်ဖိုးရှိလှသည့် ပေစာ၊ ပုရပိုက်စာများ၊ ရာဇ၀င် သမိုင်း မှတ်တမ်းစာများ နှင့် တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓရုပ်ပွားတော်များ၊ ဒင်္ဂါးများကို သူ့ ဘ၀ တစ်ခုလုံးအား မြှုပ်နှံပြီး ရှာဖွေ စုဆောင်းခဲ့သည်။
ဤ လေးစားဖွယ်ကောင်းပြီး ငြိမ်သိမ်သော ဗုဒ္ဓဘာသာ ရဟန်းတော်ထက် သာလွန်သော ရခိုင် ရာဇ၀င် သမိုင်းမှတ်တမ်းများကို ကိုယ်ကျိုးမရှာဘဲ စုဆောင်းခဲ့သူ မည်သူ့ကိုမျှ  ကျွန်ုပ်မကြုံတွေ့ ခဲ့ဘူးချေ။
မြောက်ဦးမြို့တော် ပတ်ဝန်းကျင် တောချုံအုံဖျား အတွင်း သူနှင့်အတူ သုတေသန ခရီးထွက်ခဲ့ချိန် များကို ပြန်လည် အမှတ်ရမိပါသေးသည်။ ထိုစဉ်က သူသည် သုတေသန မှတ်စုများကို ဟိုတစ်စ ဒီတစ်စ စာရွက် အစုတ်များတွင် ရေးမှတ်ခဲ့သည်။ သူသည် မှတ်စုရေးရန် စာရွက် စာတမ်းများကို ၀ယ်ယူရန် မတတ်နိုင်ခဲ့ပေ။ သူသည် မှတ်စုကို ဘောလ်ပင်နှင့်ပင် မရေးသားခဲ့ဘဲ ဘောလ်ပင်ထဲသို့ ထည့်ရသည့် ရဖီးလ် (refeills) များနှင့်သာ ရေးသားနေသည်ကို တွေ့ခဲ့ရသည်။ သူသည် ဘောလ်ပင်များကို ၀ယ်ယူရန် ငြင်းဆိုခဲ့ပြီး ပိုမို ဈေးသက်သာသည့် ရဖီးလ်များကိုသာ ဘောလ်ပင် အစား အသုံးခဲ့ပေသည်။
(ဟိမ၀န္တိ ၏ ရေးသားချက်မှ)
… It is sad that we lack information on who Ashong Panyacara is and what
he has been doing his entire life. Panyacara is a monk, orphaned in
his childhood, and throughout his life he has dedicated his life to
the collection of the most rare palm-leaf and handmade paper histories
and also other artifacts including the priceless Rakhine Buddha
statues and coins.
I can hardly recall anyone who has so unselfishly contributed to the
collection of Arakanese history than this venerable and calm Buddhist
monk.
In those days when I was lucky to be with him walking in the jungles of
Mrauk-u, I saw him taking notes on pieces of paper (he hardly could
afford to buy reams of paper) with ball-pen refills (because he
refused to buy ballpens as the refills were cheaper)….
(From the writings of Himavanti)
စွပ်စွဲချက်များကို သုံးသပ်အဖြေရှာခြင်း။
စစ်အာဏာရှင်တို့သည် တိုင်းရင်းသား လူနည်းစု စာပေ၊ သမိုင်းပညာရှင်များကို နည်းအမျိုးမျိုးဖြင့် လုပ်ကြံ သတ်ဖြတ် ထောင်သွင်း အကျဉ်းချခဲ့ကြသည်မှာ ကြိမ်ဖန်များစွာ ရှိခဲ့ပြီ ဖြစ်သည်။
ရခိုင် သုတေသီ ပညာရှင်များအား စစ်အာဏာရှင်တို့ လုပ်ကြံမှုမှာ မြန်မာ စာပေပညာရှင်၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင် အား ၁၉၆၆ ခုတွင် လုပ်ကြံ သတ်ဖြတ်ခြင်း မှ စတင်သည်ဟု ဆိုနိုင်သည်။ ဆရာကြီး ဦးကျော်ရင်သည် ရခိုင်ပြည်နယ် သံတွဲ ဇာတိဖြစ်ပြီး၊ မြန်မာစာ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်စာပေ ထွန်းကား ပြန့်ပွားရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။ သူ့အား ဗိုလ်နေ၀င်းက ဘာမဟုတ်သည့် ဖြစ်ရပ်တစ်ခု အတွက် သတ်ဖြတ်ခဲ့လေသည်။ ၁၉၆၆ ခုနှစ် ရန်ကုန်မြို့ ပညာရေးနှီးနှော ဖလှယ်ပွဲ၏ ညစာ စားပွဲ တွင် အက ဖျော်ဖြေမှု တင်ဆက်နေချိန်တွင် ဖြစ်ပါသည်။ ရှေ့ဆုံးတန်းမှ ဗိုလ်နေ၀င်းနှင့် သူ့ဇနီး ဒေါ်နီနီမြင့်တို့ ရှေ့ဆုံးတန်းတွင် ထိုင်စဉ်၊ သူတို့ နောက်မှ ဦးကျော်ရင်က အမှတ်မထင် တံတွေး ထွေးမိခဲ့သည်။ ထိုတံထွေး ဒေါ်နီနီမြင့် ကို စဉ် မိရာမှ ဗိုလ်နေ၀င်းက စတင်ထိုးကြိတ်ပြီး၊ သူ့တပည့်များက “အဘ မလုပ်နဲ့ ကျွန်တော်တို့ ကြည့်လုပ်လိုက်မယ်” ဟု ဆိုကာ လူမဆန်အောင် နှိပ်စက် ညှင်းပန်းလိုက်သဖြင့် သေဆုံး သွားခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သတင်းစာများတွင် အသဲရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများဖြင့် ကွယ်လွန်ကြောင်း ဖော်ပြခဲ့ကြသည်။
လုပ်ကြံမှုကြောင့် ဒုတိယ မြောက် သေဆုံးရသူမှာ သုတေသီ ပါမောက္ခ ဦးစံသာအောင် ဖြစ်ပါသည်။ ဦးစံသာအောင်သည် ရူပဗေဒ ပါမောက္ခ ဖြစ်သော်လည်း ရခိုင်သမိုင်းဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့သည်။ ထင်ရှားသည့် စာအုပ်များမှာ ရခိုင်ပြည်သုံး အက္ခရာ၊ အာနန္ဒစန္ဒြ ဝေသာလီမင်း၊ ရခိုင်ဒင်္ဂါးများ၊ ရခိုင် ဗုဒ္ဓအနုပညာ စသည့် စာအုပ်များဖြစ်သည်။ ရခိုင်ပြည်သုံး အက္ခရာ စာအုပ်တွင်၊ မြန်မာစာသည် ဝေသာလီခေတ် ရခိုင်အက္ခရာများမှ ဆင်းသက်နိုင်ကြောင်း၊ အထောက်အထား စုံလင်စွာ တင်ပြခဲ့သည်။ ထိုဖြစ်ရပ် အတွက် စစ်အာဏာရှင်တို့၏ ရန်ငြိုးထားခြင်း ခံရကာ၊ နာမကျန်း၍ ဆေးရုံတက်နေစဉ် ၁၉၈၁၊ မေ ၂၅ ရက် တွင် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဆရာကြီး ဦးစံသာအောင် ကွယ်လွန်ခြင်းကိုလည်း အဖျားရောဂါ ဟု နာမည်တပ်ခဲ့ကြသည်။
ထို့နောက် လုပ်ကြံ သတ်ဖြတ် ခံရသူမှာ ရခိုင်သမိုင်း ပညာရှင် ပဏ္ဍိတ် ဦးဦးသာထွန်း ဖြစ်ပါသည်။ ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်ရာဇ၀င် ကျမ်းများ၊ သမိုင်း စာအုပ်များသာမက၊ ရခိုင်ကျောက်စာ ပေါင်းချုပ်၊ ရခိုင်ကျောက်ဆစ်လက်ရာများ လေ့လာချက်၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက် တီးလုံးများ၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စသည့် စာပေများ၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ စသည့် တေးသီချင်းများကိုပါ ရေးသား ပြုစုခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှု သမိုင်းများကို ဖော်ထုတ်သဖြင့် စစ်ဝါဒီတို့သည် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့ရာမှ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ ထောင်ထဲတွင် နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။ သို့သော်လည်း နအဖ စစ်အာဏာရှင်များက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။
ထိုနည်းတူ ထင်ရှားသော ရခိုင်အမျိုးသား ပါမောက္ခ ဒေါက်တာ ဧကျော်နှင့် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ကိုလည်း အကြောင်းအမျိုးမျိုး လုပ်ကြံ ဖန်တီး စွပ်စွဲကာ ဖမ်းဆီး ထောင်ချခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်းများကို ခဲ့ကြပါသည်။
အထက်ပါ ဖြစ်ရပ် သာဓက များကို ကြည့်ခြင်းဖြင့် နအဖ စစ်ဝါဒီတို့သည် သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သော စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း သုတေသီများကို အငြိုး အာဃာတဖြင့် လုပ်ကြံ၊ သတ်ဖြတ်၊ ထောင်သွင်း အကျဉ်းချလေ့ ရှိကြောင်း သိနိုင်လောက်ပြီ ဖြစ်ပါသည်။
ထို့ကြောင့် ရခိုင်သမိုင်း သုတေတီ ရမ္မာဝတီ အသျှင်ပညာစာရအား စစ်ဝါဒီတို့ ယခု ကဲ့သို့ အကြောင်း အမျိုးမျိုးစွပ်စွဲ ၀ါဒဖြန့်ခြင်းမှာ ဆန်းတော့ မဆန်းကြယ်လှပါ။
သူတို့သည် အသျှင် ပညာစာရကို မာတုဂါမ ကိစ္စဖြင့် စွပ်စွဲကာ၊ ဖမ်းဆီး လူ ၀တ်လဲ ခဲ့သည်။ အကယ်၍ ဆရာတော် ပညာစာရသည် မာတုဂါမ ကိစ္စကို ကျူးလွန်သောကြောင့်သာ ဖမ်းဆီးရခြင်း ဖြစ်သည် ဆိုလျှင်၊ နအဖ၏ ရခိုင်ပြည်နယ် ဒုတိယ တိုင်းမှူးကိုယ်တိုင် လာရောက် ဖမ်းဆီးစရာ အကြောင်း မရှိပေ။ ထို့ပြင် ဆရာတော် အနှစ်နှစ်အလလ စုဆောင်းထားသော ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း၊ ဓားပြတိုက် လုယူ သွားစရာ အကြောင်း မရှိပေ။ ဘုန်းကြီးကျောင်းကိုပါ ချိတ်ပိတ်ပြီး မိဘမဲ့ ကလေးများကို ရပ်ဝေးမြေခြားသို့ ပို့စရာလည်း အကြောင်း မရှိပါ။ ဤ ဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် ဆရာတော်အား ဖမ်းဆီးမှုမှာ နအဖ၏ တမင် အကွက်ချ စီစဉ်မှု ဖြစ်သည်ဟု သေချာပေါက် ပြောနိုင်ပါတော့သည်။
နအဖနှင့် သူ၏ အလိုတော်ရိများသည် ၄င်းတို့၏ လုပ်ကြံ ဖန်တီးမှုကို ကာကွယ်ရန် အလို့ငှာ ၀ါဒဖြန့်ပွဲကို ပင် လုပ်လိုက်သေးသည်။ ဆရာတော် ကျောင်းတိုက်တွင်းမှ ကွန်ဒုံးများ၊ ညစ်ညမ်း စီဒီများ ရရှိသည်ဟု ဆလိုက်ရှိုးဖြင့် ပြသကြသည်။ တိုင်ကြားသူ အလိုတော်ရိတို့၏ စာထဲတွင် ဆရာတော်သည် ညစ်ညမ်း ဗီဒီယိုများကို ကြည့်ရှုကြောင်း ဖြင့်ပင် ဖော်ပြပါရှိသည်။ သူတို့ ဘာပဲ ပြောပြော ထိုတွေ့ရှိသည် ဆိုသော အရာများကို သူတို့ ကိုယ်တိုင် ယူဆောင်ခဲ့ကြပြီး၊ ဓာတ်ပုံမှတ်တမ်း အတုများ ပြုလုပ်နိုင်သည်ကို အသိဥာဏ် ရှိသူတိုင်း နားလည် သဘောပေါက် ကြပါသည်။ စစ်တွေမြို့တွင် နေ့ခင်းချိန် မီးမလာသလို၊ မီးလာသော ညဘက် ၂ နာရီ ၃ နာရီ အချိန်များတွင် ဆရာတော်သည် ကလေးငယ်များကို သူ၏ ဘုန်းကြီးကျောင်း ဧည့်ခန်းအတွင်း ထားရှိသော တီဗီဖြင့် တီဗီပြလေ့ရှိသည်။ (ဘုန်းကြီးကျောင်းတွင် တီဗီနှစ်လုံး ရှိကြောင်း၊ အကြီးတစ်လုံး အသေးတစ်လုံး ဖြစ်ကြောင်း၊ အနီရောင် တီဗီ အသေးမှာ ပျက်နေပြီး ကြည့်မရကြောင်း ဆရာတော်နှင့် နီးစပ်သူများ ထံမှလည်း သိရသည်၊ အင်ဗာတာရှိကြောင်းကိုမူ သတိမထားမိပါဟုလည်း မျက်မြင်သက်သေများက ပြောဆိုသည်၊ ဘုန်းကြီးကျောင်းဝင်းထဲရှိ မီးစက်မှာလည်း တည်ဆောက်ရေး လုပ်ငန်းအတွက် သစ်ခွဲရာမှာသုံးကြောင်း၊ အခြားကိစ္စအတွက် သုံးတာ မတွေ့ရကြောင်း ထွက်ဆိုကြသည်။)။ ကလေးများကို တီဗီ ပြပြီးသည်နှင့် စစ်တွေမြို့တွင် လျှပ်စစ်မီး မရှိတော့ပါ။ မီးမရှိသော ညအချိန်တွင် ဆရာတော် အနေဖြင့် ထို မီးစက်ကို သုံးသည်ပဲ ထားအုံး၊ မီးစက်သံ တဂျုံးဂျုံးဖြင့် ညစ်ညမ်းခွေ ခိုးကြည့်သည် ဆိုခြင်းမှာ အလိုတော်ရိများ၏ ဖန်တီး လုပ်ကြံသော ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ပါလိမ့်မည်။ နေ့လည်တွင် လုံးဝ မီးမလာသလို၊ ဧည့်သည်များ လာရောက်လေ့ရှိ သဖြင့် နေ့ခင်းတွင်လည်း ခိုးကြည့်ရန် လုံးဝ မဖြစ်နိုင်ပါ။ ဒီတော့ သူတို့ ပြောသော ညစ်ညမ်း ခွေများ ဆိုသည်မှာ နအဖက တမင်ယူဆောင်လာသော သူတို့ ဖန်တီးသည့် သက်သေခံ အတုများ ဖြစ်ရန်မှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။
နအဖနှင့် သူ၏ အလိုတော်ရိ စားဖားများ သည် လုပ်ကြံ ၀ါဒ ဖြန့်ရုံမျှမက၊ သူတို့၏ လုပ်ကြံ လိမ်လည်ချက်များကို ပိပိရိရိ ဖုံးကွယ် နိုင်ရန် အလို့ငှာ သက်သေများကို ပင် ဖျောက်ဖျက် ပစ်လိုက်သေးသည်။ ဆရာတော်၏ သက်သေများကား ကလေးသူငယ်များ။ ဆရာတော် ဘာလုပ်သည်ကို ကလေးငယ်များ (အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ အပါအ၀င်) က မှန်ကန်စွာ သိပါသည်။ ထိုကလေးများကို ရပ်ဝေးမြေခြား ပို့လိုက်ခြင်းဖြင့် နအဖသည် ဆရာတော်ဖက်မှ ရပ်တည်မည့် သက်သေများကို ဖျောက်ဖျက်လိုက်ကာ၊ သူတို့၏ လိမ်ညာသော စွပ်စွဲချက်များ အတည် ဖြစ်အောင် စနစ် တကျ အကွက်ဆင် ဖန်တီးလိုက် ခြင်းပင် ဖြစ်သည်။ ကလေးများကို စစ်တွေမြို့မှ အခြားတစ်နေရာသို့ ပို့ဆောင်ပြီး၊ သက်သေ ဖျောက်ဖျက်ခြင်းကပင် သူတို့ လုပ်ရပ်သည် လုပ်ကြံမှု တစ်ခု သက်သက်သာ ဖြစ်သည်ဆိုသည်ကို သုံးသပ်၍ ရနိုင်ပါသည်။ အကယ်၍ သူတို့၏ စွပ်စွဲချက်များသာ လိမ်လည် လှည့်ဖျားမှု မဟုတ်ခဲ့ပါမူ သက်သေများ ဖြစ်လာမည့် ကလေးများကို အစဖျောက်စရာ အကြောင်း လုံးဝ မရှိပါချေ။
တိုင်ကြားသူတို့၏ လက်ရေးမူတွင် တွေ့မြင်ရသော ဆရာတော်သည် စားကောင်းသောက်ဖွယ် အဆီအဦးများကို စားပြီး ကလေးငယ်များကို ပစ်ထားသည် ဆိုသည့် အချက်မှာမှာ လုံးဝ လိမ်ညာဖန်တီး တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သေချာပေါက် ပြောနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာတော်သည် နောက်ဆုံး NGO မာတေဇာခေတ် ရောက်သည့်တိုင် အနံ့အသက် ထွက်သော (လူတိုင်းစားဝင်နိုင်မည် မဟုတ်သော ဒေသအခေါ် ဘောက်သာဆန်၊ မဆလခေတ် သမ ဆန်ထက်ပင် အလွန့်အလွန်ညံ့သောဆန်)ကို နေ့စဉ် ဆွမ်းဖုန်းပေးကြောင်း၊ ဆရာတော် ကျောင်းတွင် တည်းခို စားသောက်ဖူးသော ရဟန်းတော်များနှင့်မျက်မြင် ကြုံတွေ့ဖူးသော လူပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်များ အရ သိရှိရသောကြောင့် ဖြစ်ပါသည်။
ဆရာတော်သည် အလှူငွေများကို သူ၏ ဆွေးမျိုးများကို ပေးကာ အလွဲသုံးစား ပြုလုပ်ကြောင်း စွပ်စွဲချက် တစ်ခုကိုလည်း တွေ့ရပါသည်။ ဆရာတော်သည် ငယ်စဉ်ကပင် မိဘမဲ့ ဖြစ်ပြီး၊ သူနှင့် ဘ၀တူ မိဘမဲ့ ကလေးများ အကျိုးကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။ ဆရာတော်၏ ဇာတိ ရွာနှင့် အနီးအနား ရွာများမှ ဘုန်းတော်ကြီးများ၏ ထွက်ဆိုချက်အရ ဆရာတော်၏ ဆွေးမျိုးသားချင်းများမှာ ယနေ့ထက်တိုင် သူတစ်ပါး၏ လယ်မြေများတွင် သူရင်းငှား အဖြစ် လုပ်ကိုင်နေရသော ဆင်းရဲသားများ ဖြစ်ကြောင်း၊ နေထိုင်သော အိမ်တွင် ၀ါးထရံပင် အနိုင်နိုင် ကာရံထားရကြောင်း သိရပေသည်။ ထို့ကြောင့် အဆိုပါ စွပ်စွဲချက်မှာ လုပ်ကြံသူ စားဖားတို့၏ စိတ်ကူးယဉ် ပုံပြင်များသာ ဖြစ်နေပါတော့သည်။
နအဖ အလိုတော်ရိ စားဖားများ၏ မဟုတ်မှန် စွပ်စွဲ ချက်များထဲမှ အထက်ပါ စွဲချက်သုံးလေးခုလောက်ကို ဆွဲထုတ်ကြည့်လျှင်ပင် ဆရာတော်ကို လုပ်ကြံ ဖန်တီး ကလိမ်စေ့ ငြမ်းဆင် တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သိသာ ထင်ရှားနေပါတော့သည်။ ထို့ကြောင့် ၄င်းတို့၏ အခြား စွပ်စွဲချက်များကိုလည်း ယုံနိုင်ဖွယ် မရှိတော့ပါ။
ဒါဆိုလျှင် အဘယ်ကြောင့် ဖမ်းသနည်း။
အဖြေက ရှင်းနေပြီးသား ဖြစ်သည်။
ဆရာတော်သည် ရခိုင်သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သူ ရခိုင်အမျိုးသား သမိုင်းသုတေသီ။
သမိုင်းဖြစ်ရပ်မှန်အထောက်အထား စာရွက်စာတမ်းများနှင့် သမိုင်းဆိုင်ရာ ရာဇ၀င်ကျမ်းဂန်များစွာကို စုဆောင်း ထားသူ၊
နိုင်ငံခြား သမိုင်းသုတေသီများအား ရခိုင်သမိုင်း မှန်များကို ကမ္ဘာသို့ တင်ပြနိုင်အောင် စွမ်းဆောင်နိုင်သူ၊
အမျိုးသားရေး လုပ်ငန်းများ၊ နိုင်ငံရေး လုပ်ငန်းများ၊ ရခိုင်ဒေသ အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေသူ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်
ဆရာတော်၏ ရာနှင့်ချီသော ကလေးငယ်များကို နောင်တစ်ချိန်တွင် နအဖ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး အတွက် အင်အားစု တစ်ရပ် ဖြစ်လာအောင် ဖန်တီးနိုင်သူ။ (ဆရာတော်၏ တပည့်အချို့ အိန္ဒိယ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော အခြေအနေထိပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ထောက်လှမ်းရေးတို့ သတင်းရထားပြီး ဖြစ်ပါသည်။)
ဒီတော့ စစ်အာဏာရှင်များ အနေဖြင့် ဆရာတော်အား နောင် ရခိုင်စာပေ သမိုင်း လောက၊ နှင့် ရဟန်းဘောင်မှ ရာသက်ပန်ထွက်ခွါ၊ လူတော မတိုးစေခြင်း လုပ်ရပ်ကို ဖန်တီးရုံမှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။ ဤ နည်းကို ဖန်တီးခြင်းဖြင့် ဆရာတော်၏ အမျိုးသားရေး လုပ်ဆောင်ချက်များကို ထ၀ရ ချုပ်ငြိမ်းအောင် စနစ်တကျ အကွက်ချ ကိုင်တွယ် လိုက်တာပဲ ဖြစ်ပါတော့သည်။
အနောက်ပိုင်းတိုင်း ဒု-တိုင်းမှူးကိုယ်တိုင် လာရောက်ဖမ်းဆီးခြင်း၊ စစ်တွေ မြို့တော်ခန်းမတွင် ဖမ်းဆီးရခြင်း အကြောင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းကပင် ၄င်းတို့အနေဖြင့် ဆရာတော်ကို ရန်သူ နံပါတ် ၁ ဟု သတ်မှတ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားနေသည်။
ယခု နောက်ဆုံး ထွက်ပေါ်လာသည့် နအဖ ကိုယ်တိုင် တရားလိုလုပ်ကာ တရားစွဲသော နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ (၅၀၅-ခ) ကို ကြည့်လျှင်ပင်၊ ဆရာတော်ကို နအဖ စစ်ဝါဒီများက အဘယ်ကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပေါ်လွင် သိသာ နေပြီ ဖြစ်ပေသည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပ ရခိုင် နိုင်ငံရေး လူမှုရေး အဖွဲ့ အစည်း အသီးသီးမှ ဆရာတော်အား ဖမ်းဆီးခြင်းကို ဆန့်ကျင်ကြောင်း ကြေညာချက်များ တဖွဲဖွဲ ထုတ်ပြန် တောင်းဆိုလာကြသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထိုအထဲတွင နိုင်ငံရေး သြဇာ ကြီးမားသော နိုင်ငံရေးပါတီ များ ဖြစ်ကြသည့်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်အရ၊ မြန်မာပြည်၏ တတိယ အင်အား အတောင့်ဆုံး နိုင်ငံရေး ပါတီဖြစ်ခဲ့ပြီး၊ ယခု အခါ ရခိုင်ပြည်၏ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) သည်လည်းကောင်း၊ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး ဦးဆောင်ပါတီဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် လည်းကောင်း ပါဝင်သည်ကို တွေ့ရသည်။    ထို့ပြင် နိုင်ငံတကာမှ ရဟန်းတော်များကလည်း ဆရာတော်အား ဖမ်းဆီးမှုသည် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး လုပ်ကြံမှု သက်သက်သာ ဖြစ်ကြောင်း မီဒီယာများက ထောက်ပြ ပြောဆိုနေကြသည်ကို တွေ့မြင်နေကြရပြီ ဖြစ်ပါသည်။ နိုင်ငံရေးအရ အရှိန်အ၀ါ ကြီးမားသူဖြစ်ပြီး၊ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (ခေါ်) ကမ္ဘာ့ ရခိုင်အသင်းကြီး (World Arakanese Organization- WAO)၏ ဒု-ဥက္ကဌ ဖြစ်သူ၊ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက လည်း ဆရာတော် အကျင့် သီလ ပျက်ယွင်းလိမ့်မည်ဟု မယုံကြည်နိုင်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကလည်း ဆရာတော်အား စွပ်စွဲချက်များ နှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် မည်သူမျှမပြနိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။ ထိုနည်းတူ ဆရာတော်ကို မတရားဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်ရေး ၀က်ဆိုက်များ၊ နိုင်ငံရေးအကျဉ်းသား ကူညီမှု ၀က်ဆိုက်များသာမက၊ ရခိုင်နှင့် မြန်မာ အင်တာနက် စာမျက်နှာ များတွင်ပါ ထိတ်တန်း သတင်းတစ်ပုဒ် အဖြစ် ဖော်ပြလျက် ရှိနေသည်ကို တွေ့ရပါသည်။ ဤ အချက်များကို ကြည့်လျှင်ပင် ဆရာတော်၏ လုပ်ရပ်များကို ရခိုင်အမျိုးသားများ နှင့် နိုင်ငံတကာက ထောက်ခံလျက် ရှိကြောင်း သိသာ ထင်ရှားနေပြီး၊ နအဖ၏ မတရားသော ၀ါဒဖြန့် ဖမ်းဆီးခြင်း လုပ်ရပ် တစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်ပါသည်။
နောက်ဆုံးပြောရလျှင်……
နအဖတို့၏ မတရားသော အမိန့်အာဏာအောက်မှ မတရား စစ်ဆေးပြီး၊ ထွက်ပေါ်လာမည့် နအဖ စစ်ဝါဒီတို့၏ တရားရုံးမှ မည်သို့ပင် ဆုံးဖြတ်ချက် ချသည် ဖြစ်စေ၊ ထို အဖြေသည် .. မှန်ကန်သော အဖြေ တစ်ရပ် ဖြစ်လိမ့်မည်ကား လုံးဝ မဟုတ်သည်မှာ လုံးဝ သိသာ ထင်ရှားနေပါတော့သည်။
Thursday, August 5, 2010
သဘောထား ထုတ်ပြန်ချက်များ
 ရခိုင်သမိုင်းသုတေသီဆရာတော်အသျှင်ပညာစာရကို မတရား စွပ်စွဲ ဖမ်းဆီး နှိပ်စက် ချူပ်နှောင်ထားခြင်းနန့်  ပတ်သက်လို့  ရခိုင်အသိုင်းအ၀ိုင်း(နယ်သာလန်) ၏
သဘောထား ထုတ်ပြန်ကြေငြာချက်
၇ သြဂုတ်လ ၂၀၁၀
ဆရာတော်အသျှင်ပညာစာရကို မတရားစွပ်စွဲဖမ်းဆီးပြီးကေ လူစိတ်မဟိ နှိပ်စက်ညှင်းပန်းနိန်ခြင်းရေ ဗမာနယ်ချဲ့  ကိုလိုနီစစ်အာဏာသျှင်စနစ်ဆိုး၏လုပ်ရပ်တစ်ခုပင်ဖြစ်တေ။ ရခိုင်သမိုင်းသုတေသီတစ်ယောက်ကို တရားလက်လွတ် ဥပဒေမဟိ ဖမ်းချင်တိုင်းဖမ်းပနာ ရှိဟောင်းရခိုင်သမိုင်းစာပီအမွီအနှစ်တိကိုဖျက်ဆီးလိုက်ခြင်းရေ
ရခိုင်တမျိုးသားလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်တေ။ အညွန့် တလူလူတက်နိန်ရေ ရခိုင်အချေတိကို
ဗမာပြည်နယ်ကို ယူလားခခြင်းရေ ရခိုင်ရို့ အနာဂတ်ကိုပါ ပုံစံတကျချိုးဖျက်လိုက်ခြင်းပင်
ဖြစ်တေ။
အဂုပိုင် လူ့ အခြီခံစိတ်ဓါတ်မဟိ လူ့ အခွင့်အရေးကိုမသိ လူ့ ကျင့်ဝတ်တိပျောက်ပနာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြီး တခုလုံး၏၀ိုင်းပယ်ထားခြင်းကိုခံနိန်ရပြီးကေ နိုင်ငံတကာဥပဒေတိကို လေးစားလိုက်နာခြင်းမဟိ ကျိုင်းမြောင်း အောက်တန်း ကျရေ ဗမာနယ်ချဲ
က လုံးဝ လက်မခံကန့် ကွက်ရှုတ်ချကြောင်း နန့်  အောက်မှာဖော်ပြထားရေ အချက်တိကို တောင်းဆိုလိုက်တေ။
၁။ ရခိုင်သမိုင်းသုတေသီအသျှင်ပညာစာရကို ခြွင်းချက်မဟိ ချက်ချင်းလွှတ်ပီးအောင် တတ်နိုင်ရေနည်းနန့် ကြိုးပမ်း လားကတ်၊
၂။ ရခိုင်တမျိုးသားလုံး ရရေလက်နက်ကို ကိုင်စွဲပနာ ဗမာနယ်ချဲ့ ကိုလိုနီစစ်စနစ်ဆိုး ရခိုင်ပြည်မှာ အမြစ်ပြတ်နိဂုံးချူပ် အဆုံးသတ်လားအောင်တိုက်ပွဲဝင်လားကတ်၊
၃။ ရခိုင်ဆိုရေ အသိနန့် စည်းလုံးညီညွတ်ပနာ မတရားမမှန်ကန်စွာကိုလက်မခံ အမျိုးချစ်ဇာတိမာန်အပြည့်နန့် ရခိုင်တိ မှာအစွမ်းဟိရေဆိုစွာကို အေနိန့် အေကာလကပင်စပနာ ဖော်ထုတ်ပြသလားကတ်၊
Information Desk
Arakanese Community (The Netherlands)
ရခိုင်အသိုင်းအ၀ိုင်း (နယ်သာလန်)၏ သဘောထား ထုတ်ပြန်ချက် ကို မူရင်း web page တွင် ဖတ်ရှုရန်။
------------------------------
-------------------------------------------------
အသျှင်ပညာစာရအား ဖမ်းဆီးမှုကို ကန့်ကွက်ကြောင်း ကိစ္စ ပါဝင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)၏ ၈-လေးလုံးနှစ်ပတ်လည်နေ့ သဘောထား ထုတ်ပြန်ချက်
--------------------------------------
-----------------------------------------
---------------------------------------------
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)၏ ဆရာတော် အသျှင်ပညာစာရနှင့် ပတ်သက်သည့်
သီးသန့် သဘောထား ထုတ်ပြန်ချက်
-------------------------------------------------
National United Party of Arakan ၏ သဘောထား ထုတ်ပြန်ချက်
----------------------
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်
Wednesday, August 4, 2010
ရင်ခွင်ပျောက်သားရို့၏ ငိုရှိုက်သံ
အီးယေင် အီးယောင်၊ အီးယောင်မှာတမ်း
လမင်းရိပ်ခေါ်၊ ခေါ်ရေလက်ညှိုး
အာကာထိုးကေ၊
ကျလာဖို့လာ ၊ လာဖို့လာလို့
မျှော်ရေသားချေ၊ ရင်မာဗွေလိမ့်
မချိသာခို၊ မျက်ရည်ယို၍
တမ်း တတတ သူရို့လွမ်းရေ
လွမ်းလိမ့်မေလေ၊ လွမ်းလိမ့်မေ ။
အီးယောင်အီးယောင်
အမှောင်လဲရောက်၊ နီရောင်ပျောက်ယာ
ဇာမာလဲလေ၊
ခြီသံဖြိုးဖြောက်၊ နားကိုထောက်လို့
လာဖို့သူ့လမ်း ၊ သားရို့တမ်းကာ
မျှော်နီလိမ့်မေ ၊ မျှော်လိမ့်မေ ။
ဘားဘာ ဘားဘာ
ဘားဘာနှုတ်အာ ရင်မာပွေ့ချီ
သာချိုတေးခြင်း၊ ညှင်းကာသိပ်မှ
အိပ်ရေဘသား၊ အဘုချေရို့
အမှောင်တို့ကေ
ဘားဘာခွန်းဆို ၊ သံချိုလီညှင်း
စီးဆင်းဖို့လာ ၊ စီးဖို့လာလို့
နားခွင်ကိုစွင့် ၊ အိပ်လို့မပျော်
မျှော်ကာတမ်းတ သူရို့လွမ်းရေ
လွမ်းလိမ့်မေဝေ လွမ်းလိမ့်မေ ။
ဘားဘာ ဘားဘာ
ရောင်ဝါလည်းပျောက် အမှောင်ရောက်ယာ
ဇာခါလာလို့ ပြန်လာဖို့လေ
ဘားဘာလာလမ်း မှန်းကာတ၍
ထမင်းနို့ပြတ် ရွက်နို့ရို့မှာ
သည်းလွှာမီးမြစ် အပူဆိုက်လို့
ဘဝလမ်းခက်
ခက်လိမ့်မေဝေ ခက်လိမ့်မေ ။
သံဒေမျိုးဆက် သူယုတ်ပျက်ကြောင့်
အမိနို့ခမ်း ရွက်နုကြမ်းမာ
မိုးလီထန်ထန် နီဟုန်ပြင်းပြင်း
ကန္တာရကြမ်း ခရီးလမ်းကို
အမှောင်လွှမ်းလို့
ခင်းလီယက်လေ ခင်းလီယက် ။
အသျှင် (ရမ္မာ)
အတွင်းလောက်ပိုး ၊ ထိုးလီလတ်ကေ ၊ မျိုးလည်းပျက်ပြုန်း ၊ သားလည်းဆုံး၏
အိုချစ်သွီးရို့
ရခိုင်သွီးချင်း
လက်ဆင့်ထိမ်းမြား ၊ အတွင်းအားကို
လူများထိုထို ၊ မြတ်နိုးပိုလျှက်
အသက်ထက်ဆုံး ၊ ကျင့်သုံးလတ်ကေ
မပြုန်းလူမျိုး ၊ တိုးပွားတိုင်းသာ
ဟိပါလီအံ့ ၊ ငါ့ ချစ်သွီးရို့ ။ ။
လူမျိုးပြုန်းအောင် ၊ မုန်းတိုင်းဆေင်၍
အမှောင်ကိုပျိုး ၊ အယုတ်မျိုးလည်း
ကြိုးစားလီသမျှ ၊ သဲရီကျသို့
ငါရို့ သွီးပေါက် ၊ မြီအောက်ရောက်အောင်
ထိုးဖေါက်ခြင်းငှါ ၊ မစွမ်းသာတည်း ။ ။
မျိုးကိုမချစ် ၊ သွီးရင်းပစ်၍
မစစ်မျိုးရိုး ၊ သူခိုးယုတ်ကို
အားကိုးရာဟု ၊ ယုံမှားပြုလျက်
တစ်သက်ဝမ်းစာ ၊ ဟြာရေလူဆိုး
မျိုးဖျက်ကောင်ရို့ ၊အူသို့ဝင်ရောက်
ခြံဆီဖေါက်၍
အတွင်းလောက်ပိုး ၊ ထိုးလီလတ်ကေ
မျိုးလည်းပျက်ပြုန်း ၊ သားလည်းဆုံး၏ ။ ။
ဟြေ့သရောအခါ ၊ ရွှီဟင်္သာဇာတ်
ရင်မှာမှတ်၍ ၊ ပမာရှု့လော့
အို ချစ်သွီးရို့ ။ ။
အသျှင် (ရမ္မာ)
ရင်ခွင်မဲ့ရို့၏ ကျေးဇူးတော်ရှင် ဆရာတော် အသျှင်ပညာစာရ
အို .. ရခိုင်
ကြားယင့်လား..
တမ်းတပူဆွေး ငိုညဉ်းသံတိ။
အို .. ရခိုင်
သိယင့်လား..
လူလုံးမလှ
အပူလုံးကြွ ဖြစ်ရပ်တိ။
အို .. ရခိုင်
မြင်ယင့်လား..
ကူသူမဟိ ကယ်သူမဟိ
ရင်ခွင်မဲ့ဘဝ မျိုးဆက်တိ။
အို .. ရခိုင်
ဇာလုပ်နိန်လေ..
နိုးကြားကတ်ဖိ ထကတ်ဖိ
နီမမြင့်ခင် လားကတ်ဖိ။
အနာဂတ်မျိုးဆက်
သွီးသစ်တိအတွက်
ကိုယ်စီအသိတရား
ရင်မှာပိုက်လို့
မျက်ရည်ကိုသုတ်
ဓါးကိုထုတ်
သွီးသောက်သစ္စာ ပြုကတ်ဖိ။
အချုပ်ခန်းအတွင်းမှ ရင်ခွင်မဲ့ရို့၏ ကယ်တင်ရှင် ဆရာတော် အသျှင်ပညာစာရအတွက် ရည်စူးပူဇော် ရီးလိုက်ပါယင့်။
လွမ်းလို့ဏီ
အသျှင် ပညာစာရ သတင်းများ
မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။
သတင်းခေါင်းစဉ် များကို click လုပ်ပြီး ဖတ်ရှုနိုင်ပါသည်။
အသျှင်ပညာစာရနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် NLD က သဘောထား ထုတ်ပြန်
ရခိုင်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း မတရားဖမ်းဆီးထိန်းသိမ်းခံနေ ရသော ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏သဘောထားရပ်တည်ချက်ကို ၄င်းတို့ ၏ ဆန္ဒ အရ (၉-၉-၂၀၁၀)နေ့ တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်(၇၁)နှစ်မြောက်အောက်မေ့ ဘွယ်နေ့ တွင် ထုတ်ပြန်လိုက်ပါသည်။ ထုတ်ပြန်ချက်တွင် အောက်ပါ အချက်များ ပါဝင်ပါသည်။
(၁) အသျှင်ပညာစာရ အား (၂၇-၇-၂၀၁၀)နေ့ တွင် မတရား ဖမ်းဆီးထိန်းသိမ်းပြီး၊သင်္ကန်းကို အတင်းအကြပ် ဆွဲချွတ်၍ အဓမ္မလူဝတ်လဲကာ၊ အစာမကျွေး ရေမပေးဘဲ ရက်အတော်ကြာ ရက်စက်စွာညှဉ်းပမ်းနှိပ်စက်၊ ရိုက်နှက်ကန်ကျောက်လျက် လူမဆန်စွာ စစ်ဆေးခဲ့ခြင်းမှာ ရခိုင်၏စစ်မှန်သောထေရ၀ါဒဗုဒ္ဓသာသနာတော် ကြီးကိုစော်ကားရာရောက်ပြီး၊ ဥပဒေနှင့်မညီ ကြီးမားသောလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။
(၂) ရခိုင်သမိုင်းသုတေသီ ဆရာတော်အား ဖမ်းဆီးပြီး၊အာဏာပိုင်တို့ က သက်ဆိုင်သူ ကျောင်းထိုင်ဆရာ တော်နှင့်ရခိုင်လူမျိုးတို့ ၏ဆန္ဒကို လုံးဝဆန့် ကျင်လျက်၊ ကျောင်းရှိရခိုင်ကလေးငယ် ၁၀၀ ကျော်ကို ဌာနေ တိုင်းရင်းဒေသကို အဓမ္မစွန့် ခွာစေပြီးအတင်းအကြပ်ပြောင်းရွှေ့ နေရာချထားခြင်း၊ရခိုင်လူမျိုးတို့ ၏အသက် တမျှအရေးကြီးလှသောရခိုင်ရှေးဟောင်းအမွေအနှစ်များကိုအဓမ္မ သိမ်းပိုက်ယူဆောင်ခြင်းတို့ မှာ လူသားမျိုး နွယ်စုများအပေါ် ကျူးလွန်သည့်ကြီးမားလှသော ရာဇ၀တ်မှုကြီးပင်ဖြစ်သည်။
(၃)ဆရာတော်အား လူမဆန်သောစွပ်စွဲချက်များဖြင့် တရားစီရင်မှုပြုရာတွင်လည်း သက်သေအများစုမှာ ကလေးသူငယ်များဖြစ်နေခြင်း၊သက်သေများကိုမိဘဆွေမျိုးများနှင့်တွေ့ ခွင့်လုံးဝမရစေဘဲဖမ်းဆီးထိန်းသိမ်း ထားခြင်း၊စွပ်စွဲခံရသူဘက်မှတောင်းဆိုခြင်းမရှိဘဲ သက်သေများကို အာဏာပိုင်တို့ အလိုကျထွက်ဆိုလာစေရန် အကြိမ်ကြိမ်ခေါ်ယူစစ်ဆေးခြင်း၊တရားခွင်၌ သက်သေများကြောက်လန့် စေနိုင်သည့် မလိုလားအပ်သော လုံခြုံ ရေးတပ်ဖွဲ့ ဝင်များဝင်ရောက်အနီးကပ်စောင့်ကြည့်ခြင်းနှင့်မှတ်တမ်းယူနေခြင်း၊ မတရားစွပ်စွဲခံရသူဆရာတော် နှင့် ၄င်း၏ရှေ့ နေတို့ အမှုကိစ္စဆွေးနွေးရာတွင်လွတ်လပ်မှုလုံးဝမရှိခြင်း၊တရားခွင်အားအများပြည်သူကြားနာခွင့် လုံးဝမရရှိခြင်း အပါအ၀င်အခြားဥပဒေနှင့်မညီ၊တရားမျှတမှုလုံးမရှိသောလုပ်ရပ်များသည် တရားစီရင်ရေးမူကို လုံးဝပျက်စီးစေပြီး၊အပြစ်မဲ့သူအား နိုင်ငံရေးအရလုပ်ကြံအပြစ်ပေးရန်တမင်ကြံရွယ်ထားကြောင်းမှာသိသာ ထင်ရှား နေပါသည်။
(၄)ဤသို့ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရအား မတရားလုပ်ကြံခြင်းသည် ပြည်ထောင်စုကြီး အတွက်မည်သို့မျှအကျိုးမရှိနိုင်သလို၊ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို များစွာထိခိုက်စေသောကြောင့် ဆရာတော်အားခြွင်းချက်မရှိ(ချက်ချင်း)ပြန်လွှတ်ပေးပြီး၊ကျောင်းမှအဓမ္မသိမ်းယူသွားခဲ့သော ရခိုင်ကလေးငယ် များနှင့်ရခိုင်သမိုင်းအမွေအနှစ်များကို မူလနေရာ၊မူလပိုင်ရှင်လက်သို့ အမြန်ဆုံးပြန်လည်ထားရှိရမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များက အလေးအနက်ဆန္ဒပြုသည်။
Authorities banned public at Ashin Pyinnyasara's trial (Narinjara)
The military authority banned the public from attending the trial of Arakanese historian monk Ashin Pyinnyasara's trial that was held on Monday in the Sittwe district court, despite previously allowing the public to be present when the monk was produced before the court.
"The authority worried the information from the trial would leak out if the public was allowed to attend the court. So the authority barred the public from attending the hearing. It further proves the charges against Ashin Pyinnyasara have been fabricated by the authority"
Ashin Pyinnyasara is a well-known Arakanese historian who has written many articles related to the ancient kingdom of Arakan and Arakanese literature. The authority, however, sees this as behavior contrary to the solidarity of the union. U Pyinnyasara also refused to cooperate with the military authority when they proposed he work for the military government.
It was learned that many people believe the arrest of Ashin Pyinnyasara is related to politics and his behavior against the military government.
မတရားဖမ်းဆီးထားခြင်းခံနေရသည့် ဆရာတော် ပညာစာရ လွတ်မြောက်ရေး ရခိုင်တမျိုးသားလုံး ပါဝင်ကြရန် တိုက်တွန်း (Arakan Review)
ဆရာတော် ပညာစာရအား ပြီးခဲ့သော ဇူလိုင်လ (၂၇) ရက်နေ့က စစ်တွေမြို့ရှိ ဒေသခံ အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်တွေတရားရုံးတွင် အမှု (၇) မှုဖြင့် စွဲချက်တင်ကာ စစ်ဆေးနေသည်ကို နိုင်ငံတကာရောက် ရခိုင်အသိုင်းအ၀န်းတခုလုံးမှ ကန့်ကွက်နေပြီး ဆရာတော် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ဆရာတော်လွတ်မြောက်ရေး လက်မှတ်ရေးထိုးရန် (Petition) ၏ ကြွေးကြော်သံမှာ “Free !!! Ashin Pyinnyasara” ဟု သိရှိရသည်။
ရခိုင်ယဉ်ကျေးမှု သမိုင်းဝင် အမွေအနှစ်များကို ဖျက်ဆီးမှု၊ ရခိုင်လူမျိုး ကလေးငယ်များ ရာနှင့် ချီပြီး အစုလိုက် အပြုံလိုက် လူမျိုးပြောင်းမှု၊ ဆရာတော် အသျှင် ပညာစာရ ဖမ်းဆီးမှု စသည့် လုပ်ရပ်များအား ဆန့်ကျင်သော ပြည်တွင်း၊ ပြည်ပရောက် ရခိုင်လူမျိုးများ အားလုံး လူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့၏ မတရားသော လုပ်ရပ်များကို ဆန့်ကျင်ကြရန် နိုင်ငံတကာရောက် ရခိုင်လူမျိုးများ အဖွဲ့အစည်း(World Arakanese Community) မှ တိုက်တွန်းနေကြောင်း သိရှိရသည်။
စစ်တွေတရားရုံးတွင် အမှု (၇) မှုနှင့် တရားစွဲဆိုထားပြီး တရားလိုပြ သက်သေများ စစ်ကြောရေး စခန်းနှင့် တရားရုံးတွင် ထွက်ဆိုချက် မတူညီမှုကြောင့် ဆရာတော် ပညာစာရအား အရေးယူရန် အခက်တွေ့နေပြီး ရုံးချိန်းအား မကြာခဏပေးကာ နောက်ထပ် သက်သေများကို အပူတပြင်း ရှာဖွေနေကြကြောင်း စစ်တွေ တရားရုံးမှ လာသော ခိုင်လုံသော သတင်းများအရ သိရသည်။
ဆရာတော်လွတ်မြောက်ရေးအတွက် ဤနေရာ သို့ ၀င်ရောက်ပြီး လက်မှတ်ရေးထိုးနိုင်ပါသည်။
အသျှင်ပညာစာရအား နအဖလုပ်ကြံ လိမ်လည်စွပ်စွဲမှု ရုပ်လုံးပေါ်လာပြီဖြစ်။ (သတင်းသုံးသပ်ချက်) (လမ်းပြကြယ်)
ရခိုင်ဆရာတော် ရမ္မာဝတီ အသျှင်ပညာစာရအား နအဖတို့မှ မဟုတ်မမှန်လိမ်လည် အကွက်ဆင်ကာ
မတရားသော ပြစ်မှုများကို အကွက်ဆင်လျက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအကြိမ်မြောက် ချိန်းဆိုသည့် ၃၀ သြဂုတ် ၂၀၁၀ တရားခွင်က သက်သေပြလိုက်ပြီ ဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၃ သြဂုတ် ၂၀၁၀ နေ့၊ တတိယ အကြိမ် ရုံးထုတ်စဉ်တွင် အစိုးရဘက်တော်သား အစိုးရ တရားလိုပြသက်သေ ကိုယ်တိုင်က- ဆရာတော်အား နအဖတို့က စွပ်စွဲသည့် မာတုဂါမ ကိစ္စသည်၊ နအဖ အာဏာပိုင်များကို လုပ်ကြံ တိုင်ကြားသည့် အလိုတော်ရိများက ငွေကျပ် သိန်း (၂၀) ပေးမည်ဟု မက်လုံးပေး စည်းရုံးပြီး၊ လိမ်လည် ထွက်ဆိုခိုင်းခြင်းသာ ဖြစ်ကြောင်း အမှန်အတိုင်း ဖော်ထုတ်လိုက်သဖြင့်၊ ဆရာတော်အား လိမ်လည် လုပ်ကြံ လုပ်ကြံ ဖမ်းဆီးကာ၊ ရခိုင်သမိုင်းဝင် ယဉ်ကျေးမှု အမွေးအနှစ်များကို မတရား သိမ်းယူသွားခဲ့သော နအဖတို့၏ လိမ်ညာမှုကြီး "ဘူး" ပေါ်သလို ပေါ်သွားခဲ့ကာ နအဖတို့ လွန်စွာ အရှက်တကွဲ ဖြစ်ခဲ့ကြရသည်။
ထို့ကြောင့် လူလိမ် နအဖတို့သည် ဆရာတော် အမှုကို လူသိရှင်ကြား တရား မစီရင်ရဲတော့ပဲ ယခု စတုတ္ထအကြိမ် ရုံးချိန်းတွင် တံခါးပိတ် စစ်ဆေးခဲ့ကြပါသည်။
ထိုတံခါးပိတ် စစ်ဆေးမှုကပင် နအဖတို့သည် ၄င်းတို့၏ လုပ်ကြံ လိမ်လည် စွပ်စွဲမှုကို ဖုံးကွယ်လိုပြီး၊ သူတို့၏  လိမ်လည်မှုများကို ပြည်သူများ ထပ်မံ သိရှိလာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ တံခါးပိတ် တရားစီရင်ခြင်းဖြစ်ကြောင်း လုံးဝ ပေါ်လွင် ထင်ရှားနေပါတော့သည်။ (ထိုအချက်ကို အောက်ပါ သတင်းနှစ်ပုဒ်က သက်သေပြနေပါသည်)။
အသျှင်ပညာစာရ တရားခွင် တံခါးပိတ် စစ်ဆေး (ဧရာဝတီ)
စစ်တွေမြို့မှ အသျှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။
“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို ၀င်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့ တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏ ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊ ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့ အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ် အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂ ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ တဦးက ပြောသည်။
“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့ မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။
အသျှင်ပညာစာရအမှု ပြင်ပလူကြားနာခွင့် နအဖ ပိတ်ပင် (RFA)
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ တက်ရောက် နားထောင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့သူတဦးက RFA ကို ပြောပါတယ်။
“ရဲအရာရှိက အတင်းအကျပ်လုပ်လို့ ဘာမှ အဆက်အသွယ် မရခဲ့ပါဘူးခင်ဗျာ၊ အဲဒီမှာနေပြီးတော့ စခန်းမှူးတယောက်ကယ်၊ တရားရုံးမှာ စခန်းမှူးရာထူးပေါ့၊ နှစ်ပွင့်ပေါ့နော်၊ အဲဒီတယောက်ကနေပြီးတော့ ရှိနေပါတယ်။ အပြင်လာတဲ့လူကို အစစ်အဆေးတွေ များလွန်းလို့ ကျွန်တော်တို့ ဘယ်သူမှ နားထောင်ခွင့် မရပါဘူးခင်ဗျာ။”
ဆရာတော် ဦးပညာစာရကို ဒီကနေ့ စတုထ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ပြင်ပလူတွေကို နားထောင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း စစ်အစိုးရဖက်က စွပ်စွဲထားချက်ကို ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က အထောက်အထားနဲ့ တကွ တရားရုံးကို ရှင်းလင်း တင်ပြထားတယ်လို့ သိရပါတယ်။။
သက်တော် ၅၇၊ ဝါတော် ၃၇ ရှိတဲ့ ဆရာတော် အရှင် ဦးပညာစာရဟာ စစ်တွေထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
ဆရာတော်ကို စစ်အစိုးရက နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အသျှင်ပညာစာရ လွတ်မြောက်ရေး ရခိုင်အမျိုးသမီးများ အဖွဲ့ချုပ် ကင်တားနားထံ စာရေးသား တောင်းဆို (ဒီဗွီဘီ)
စစ်တွေ တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတဲ့ ဆရာတော် ဦးပညာစာရ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကို စာရေး တောင်းဆိုလိုက်ပါတယ်။
မစ္စတာ ကင်တားနားဆီ ပို့လိုက်တဲ့ စာထဲမှာ ဆရာတော်ကို ညှင်းပန်းနှိပ်စက်တယ်လို့ ကြားရတဲ့အတွက် စိုးရိမ်နေရကြောင်း ဖော်ပြထားပြီး၊ တောင်းဆိုချက်တွေ ရေးထားတယ်လို့ အဖွဲ့ ဥက္ကဌ စောမြရာဇာလင်းက ဆိုပါတယ်။
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတဂေဟာမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား (နိရဉ္စရာ)
အသျှင် ပညာစာရ ဦးစီး တည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာ ပရဟိတ ကျောင်းမှ အာဏာပိုင်များ၏ ခေါ်ဆောင်သွားခြင်းကို ခံရသူ အမျိုးသမီးငယ် ၃ ဦးကို ယခုအချိန်ထိ မိဘများလက်သို့ လွဲပြောင်း ပေးအပ်ခြင်း မရှိဘဲ ဆက်လက်ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။
ဆရာတော် အသျှင်ပညာစာရ ကျောင်းတွင် မိဘမဲ့ကလေးများ အပြင် ဆင်းရဲနွမ်းပါး သဖြင့် ပညာ မသင်နိုင်သူ ကလေး ၁၂၀ ကျော်ရှိပြီး အများစု အသက်အရွယ် ငယ်ရွယ်သူ ကလေးငယ်များကို ဗမာပြည်သို့ အာဏာပိုင်များက ပို့ဆောင်လိုက်သည်။
စစ်တွေတွင် ကျန်ရှိနေသူ အဆိုပါ အမျိုးသမီးငယ် ၃ ဦးအား ယခုအချိန်ထိ မိဘများထံ လွဲပြောင်း ပေးအပ်ခြင်း မရှိသေးဘဲ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသဖြင့် သူမတို့၏ အနာဂတ် အရေး အတွက် မိသားစုများက စိုးရိမ်နေကြသည်ဟု သိရသည်။
အရှင်ပညာစာရ ကြားနာ စစ်ဆေးမှု တရား ဥပဒေ နည်းလမ်းမကျ (နိရဉ္စရာ)
အရှင်ပညာစာရအား သြဂတ်စ်လ ၂၄ ရက်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးတင် စစ်ဆေးခဲ့ရာ တရားရုံးတွင် ပတ်ဝန်းကျင်နှင့် တရားရုံးအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည်သာမက တရားရုံး၏ ဥပဒေကို ချိုးဖေါက်ပြီး ရဲအရာရှိ တဦးက တရားရုံး စစ်ဆေး မေးမြန်းချက်များကို မှတ်တမ်းယူခဲ့သည်ဟု သိရသည်။ ၎င်းပြင် တရားရုံး ပတ်ဝန်းကျင်နှင့် တရားရုံးထဲတွင် ရဲသားများကို လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံဖြင့် အစောင့်ချထားခဲ့သည်ဟု သိရသည်။ “ ခုလို ရဲတွေကို မလိုအပ်ဘဲ တရားရုံးထဲမှာ ချထားတာဟာ အရှင် ပညာစာရနဲ့ ပတ်သက်ပြီး သူ့ဘက် လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေတွေ အပါအ၀င် သက်သေတွေကို ခြိမ်းခြောက်တဲ့ သဘော ဖြစ်ပါတယ်။ တရားရုံးဟာ လွတ်လပ်တဲ့ တရားခွင်လို မဟုတ်ဘဲ စစ်ခုံရုံး တခုနဲ့ သွားတူနေတာကို တွေ့ရပါတယ်”ဟု တရားခွင်သို့ တက်ရောက်ခဲ့သူက ဆက်ပြောသည်။
ရှေ့နေမကြီးက တရားလို သက်သေများကို မေးခွန်း ၆ ခု မေးမြန်းခဲ့ (နိရဉ္စရာ)
ရှေ့နေမ ဒေါ်အေးနုစိန်မှ ဖေါ်ပြပါ မေးခွန်း ၅ကို မေးမြန်းခဲ့သည်။
(၁) ဆရာတော် အရှင် ပညာစာရ စုဆောင်းထားတဲ့ စာအုပ်စာပေတွေကို လေ့လာဖတ်ကြားရင်း အမျိုးသား စာပေဆုရသွားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သိပါသလား။ (၂) နိုင်ငံခြားသားများ ဆရာတော် စုဆောင်းထားသော စာအုပ်စာတန်းတွေကို လေ့လာ ဆည်းပူးဖို့ မကြာခဏ စစ်တွေကို ရောက်ရှိပြီး ထိုထဲက တဦး ရခိုင်သမိုင်းနဲ့ ဒေါက်တာဘွဲ့ရသွားတာကို သိပါသလား။ (၃) ဆရာတော်ရဲ့ ပရဟိတ ကျောင်းကို စပိန်က ငွေကြေး ထောက်ပံ့တယ်ဆိုတာ သိပါသလား။ (၄) စင်္ကာပူက လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ စာအုပ် စာတန်းတွေကို ၀ယ်ယူစုဆောင်းတယ်ဆိုတာ သိပါသလား (၅) ဆရာတော်ကျောင်းတိုက်မှာ စာကြည့်တိုက် ၂ ခုရှိတယ် ဆိုတာသိပါသလား စသည်တို့ ဖြစ်သည်။
၎င်းအပြင် ဒေါ်အေးနုစိန်မှ အစိုးရ ရှေ့နေအား ဆရာတော် သီတင်းသုံးနေရာ ကျောင်းဝင်း အတွင်းတွင် ဆရာတော်၏ မယ်တော် အုတ်ဂူရှိတယ်ဆိုတာ သိပါလားဟု မေးမြန်းခဲ့သည်။
“ အဲဒီ တရားလိုတွေက အရှင်ပညာစာရကို သမိုင်းသုတေသီဆိုတဲ့ အချက်ကို ပယ်ဖျက်လိုတဲ့ အတွက် သူဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း တင်ပြလာတဲ့ အပေါ်မှာ ဒေါ်အေးနုစိန်က ခုလို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တရားလို ရှေ့နေက ကလေးတွေ အလောင်းတွေကို ဖျောက်ဖျက် တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆရာတော်ရဲ့ မယ်တော် အုတ်ဂူ ရှိတယ် ဆိုတာကို သိသလားလို့ မေးတာ ဖြစ်ပါတယ်။ ကလေးတွေကို ကျောင်းတိုက်မှာ မြုပ်နှံထားတဲ့ ကိစ္စကိုကျတော့ တရားစွဲတယ်။ မယ်တော်ကို မြုပ်နှံထားတာကို ကျတော့ သူတို့က ဘာမှ မပြောတဲ့ အတွက် ဒေါ်အေးနုစိန်က အချက်ကျကျ မေးမြန်းခဲ့တာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
ဆရာတော်၏ ရှေ့နေ ဒေါ်အေးနုစိန်က အစိုးရသက်သေများနှင့် ရဲစခန်းမှူးကို မေးမြန်းစစ်ဆေး (ဒီဗွီဘီ)
ရခိုင်သမိုင်းသုတေသီ ဆရာတော်ရဲ့ ဒီကနေ့ ရုံးအထုတ်မှာ တရားလို သက်သေနှစ်ဦးကို ရှေ့နေ ဒေါ်အေးနုစိန်က စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်အေးနုစိန်က ရခိုင်သမိုင်းသုတေသီ ဦးပညာစာရဟာ မြန်မာပြည်က အမျိုးသားစာပေဆုရ စာရေးဆရာမကြီး ရွှေဘို မိမိကြီး အပါအ၀င်၊ ပြည်တွင်းပြည်ပက သုတေသန ပညာရှင်တွေက ရိုသေလေစားရပြီး၊ အချက်အလက် အကူအညီတောင်းရတဲ့ သုတေသီတစ်ဦး ဖြစ်တယ်ဆိုတာတွေ သိမသိ ရဲစခန်းမှုးကို မေးမြန်း စစ်ဆေးခဲ့တယ်လို့ တရားရုံးသွားနားထောင်သူတွေက ပြောပါတယ်။
အစိုးရသက်သေ ဒေါ်မာလာက အခုလ ၁၆ ရက်နေ့ ရုံးချိန်းတုန်းက (ဆရာတော်နဲ့ မာတုဂါမ ကိစ္စ - ကနဦးပိုင်းက ရဲစခန်းမှာ ထွက်ဆိုချက်ဟာ) သိန်း ၂၀ ပေးမယ်လို့ တိုင်ကြားသူတွေက ဆွဲဆောင် စည်းရုံးလို့ မမှန်မကန် ထွက်ဆိုခဲ့မိတာပါလို့ ထွက်ဆိုခဲ့ပါတယ်။
Arakan Review တွင် ဖတ်ရန်...
ဦးပညာစာရအား မာတုဂါမနှင့် စွပ်စွဲမှုမှာ တိုင်ကြားသူတို့၏ ငွေကျပ် သိန်း ၂၀ ပေးပြီး ခိုင်းစေသော လိမ်လည် လုပ်ကြံမှုသာ ဖြစ် (ဒီဗွီဘီ)
ရခိုင်ပြည်နယ် စစ်တွေ တရားရုံးမှာ အစိုးရသက်သေ အမျိုးသမီးက - သူဟာ တရားခံအဖြစ် အစိုးရ ဖမ်းဆီး စွပ်စွဲတာ ခံနေရတဲ့ ရခိုင် သမိုင်းသုတေသီ ဆရာတော်နဲ့ ဖောက်ပြားခြင်း မရှိခဲ့ဘူးလို့ ထွက်ဆိုလိုက်ပါတယ်။ စစ်တွေက ရခိုင်သမိုင်းသုတေသီ ဦးပညာစာရနဲ့ သူမဟာ မဖောက်ပြန်ခဲ့ဘူးလို့
အစိုးရ သက်သေ ဒေါ်မာလာက တရားရုံးမှာ ထွက်ဆို ခဲ့တာပါ။ ရဲစခန်းမှာတုန်းက ဆရာတော်နဲ့ ဖောက်ပြားလို့ ကလေး နှစ်ယောက် ရခဲ့ရတယ်လို့ ထွက်ဆိုရတာဟာ -တိုင်ကြားသူတွေက ကျပ်ငွေ သိန်း ၂၀ ပေးမယ်ဆိုပြီး၊ စည်းရုံးလို့ မမှန်မကန် ထွက်ဆိုခဲ့တာပါ ဆိုပြီး၊ တရားရုံးမှာ ထွက်ဆိုပါတယ်။
တစ်ဖက်က ကိုထွန်းသိန်း (ဦးပညာစာရအား တိုင်ကြားသူ) တို့က ဘုန်းကြီးကျောင်းကို တိုက်ခိုက်ဖို့ လုပ်နေတယ်။ အဲဒီကာလမှာ ကျွန်မကို လာစည်းရုံးတယ်။ ပိုက်ဆံ ပေးမယ်ဆိုပြီး အဲသလို လာပြီး စည်းရုံးလာတယ်။ ဒါကြောင့် ဒီလို (ရဲစခန်းမှာ) မဟုတ်မမှန် ထွက်ဆိုခဲ့တာပါ ဆိုပြီးတော့၊ အဲသလို ဖြေရှင်းချက် ပေးပါတယ်။
ရဲကို တိုင်ကြားတဲ့ ဦးထွန်းသိန်းတို့ ဦးဆောင်တဲ့ ကော်မတီဟာ ဆရာတော်ရဲ့ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေ ချောမွေ့အောင်လုပ်ဖို့၊ ဆရာတော်က ဖွဲ့ထားတဲ့ ကော်မတီ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ လုပ်ငန်းတွေ အောင်မြင်ကြီးပွားလာတဲ့အခါ မက်မောလာပြီး ဆရာတော်ကို ဖယ်ရှားဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံက ထင်မြင်ချက် ပေးပါတယ်။
Arakanese world-wide Concern for Ven. Pyinnyasara (WAO)
Saturday, August 21, 2010: the Meeting of the Arakanese world-wide was successfully held via teleconference that was sponsored by World Arakanese Organization (WAO) in accordance with the format agenda and schedule.
Following the major purpose, the teleconference discussed about the concern for Ashun Pyinnyasa, the head of the Mahamuni Buddha Vihara monastery, who was recently arrested by Burmese Military Regime also known as State Peace and Devolvement Council (SPDC) on July 27, 2010.
During the meeting, Dr. Aye Kyaw was the responsible person and the Speaker; and U U Sein Tun served as Master of the Ceremony. Two Arakanese National Leaders Dr. Aye Kyaw and Dr. Aye Chan expressed their deepest concern on the arrest of Ven.Pinnyasara, including the plunder of the Arakanese national antiques, materials and the seizure of the Arakanese orphans.
ဖမ်းဆီးခံ အသျှင်ပညာစာရနှင့် ပတ်သက်၍ နယူးဒေလီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် (နိရဉ္စရာ)
ရမ္မာဝတီ အသျှင် ပညာစာရအား မြန်မာ စစ်အစိုးရမှ မတရား ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ တရား စွဲဆိုခြင်းနှင့် ပတ်သတ်၍ ရခိုင်အမျိုးသားကောင်စီ (ANC) မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သတင်း စာရှင်းလင်းပွဲ တရပ်ကို ၂၀-၈-၂၀၁၀၊ သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီရှိ ရခိုင်အမျိုးသားကောင်စီ အေအန်စီရုံးတွင် နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရခြင်းနှင့် ပတ်သတ်၍ ဦးဆောင်ပြုလုပ်သူ ANC ဥက္ကဌ ဆရာတော် အရှင် အရိယာဝံသက ယခုကဲ့သို့ မိန်းကြားသည်။ "ဒီကိစ္စဟာ လူတဦးတယောက်ကို မတရား နှိပ်စက် ဖမ်းဆီးခြင်း မဟုတ်ဘဲ လူမျိုး တမျိုးလုံးရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ လူမမယ် ကလေးငယ်တွေရဲ့ဘ၀ကိုပါ ရိုက်ချိုးဖျက်ဆီး လိုက်တာဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့အတူ မြန်မာပြည်သူ လူထု တရပ်လုံး (ရဟန်း ရှင်လူ ပြည်သူတွေ) အားလုံး ပါဝင်လာပြီး ဆရာတော် လွတ်မြောက်အောင် တစုတလုံးတည်း တောင်းဆို လာတဲ့အထိ ဖြစ်လာအောင် အခုလို ရှင်းလင်း ရခြင်း ဖြစ်တယ်။" "ပြည်ပ မီဒီယာတွေက တဆင့် ပြည်သူ လူထုကြားမှာ ဒီကိစ္စ အမှန်တရား ပေါ်ထွက်လာဖို့နဲ့ လူထု တရပ်လုံးက ဒီမတရားမှုကို ခေါင်းငုံ့ ခံမနေကြဘဲ ပူးပေါင်း ပါဝင် လာကြဖို့ရယ်၊ နောက်ပြီး နအဖက မဟုတ် မတရား စွပ်စွဲ ပြောဆိုနေတာတွေလည်း ရပ်တန့်သွားလိမ့်လို့မျှော်လင့်တယ်။ တိုတိုနဲ့ ပြောရရင် အမှန်တရားဘက်က အသံတွေ ဒီထက်ကျယ်လောင်လာ လိမ့်မယ်လို့ မျှော်လင့်တယ်။"
အသျှင်ပညာစာရကို ပုဒ်မ ၇ ခုဖြင့်တရားစွဲ (ဧရာဝတီ)
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်၊ အာကျိတ်တော်ကုန်းရှိ မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံး၌ ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။ အရှင်ပညာစာရကို သြဂုတ်လ ၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၆ ရက်ကို သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ၁၇ ရက်နေ့သို့ ရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ပထမအကြိမ် ရုံးထုတ်တုန်းကတော့ များများ မေးမြန်းစစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာတော့ တရားလိုပြ သက်သေ နှစ်ယောက်ကို စစ်ဆေးပါတယ်။ ဆရာတော်ကတော့ သူ့အပေါ်စွဲထားတဲ့ အမှုတွေကို ငြင်းပါတယ်” ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။ အရှင်ပညာစာရကို တရားရုံးထုတ်ချိန်တွင် လုံခြုံရေး တင်းကျပ်စွာချထားကြောင်း၊ နောက်ထပ် ရုံးထုတ်မည့်ရက်မှာ သြဂုတ်လ ၂၄ ရက်နေ့ သို့မဟုတ် လကုန်တွင် ဖြစ်နိုင်ကြောင်း၊ အမှုကို ရေရှည် အချိန်ဆွဲထားမည့်သဘော မတွေ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အသျှင်ပညာစာရ ဖမ်းဆီးမှုကို ရှုတ်ချကြောင်း National United Party of Arakan (NUPA) မှ သဘောထား ထုတ်ပြန် (NUPA)
ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ NUPA မှ သဘောထား ထုတ်ပြန်ရာတွင် ရခိုင်အမျိုးသားရေးကျောင်းကို ပိတ်ပစ်လို၍၊ ရခိုင်သမိုင်းပိုင် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို လိုချင်၍၊ အသျှင်ဘုရားကို အပြစ်ရှာ ဖမ်းဆီးသည့် သဘော သက်ရောက်ကြောင်း၊ ဤသို့ ရခိုင်ရှေးဟောင်း အမွေအနှစ်များကို ဓားပြတိုက်သွားခြင်း၊ အနာဂတ် မျိုးဆက်များကို ရခိုင်ဘ၀ပျောက်အောင် ဗမာပြည်သို့ ပြောင်းရွှေ့သွားခြင်း၊ ရခိုင်အမျိုးသားရေး အဆောက်အအုံ (national instutution) တစ်ခုလုံးကို ဖျက်ဆီးသွားခြင်းတို့သည် တမင်တကာ လူမျိုးရေးအရ လုပ်ကြံခြင်းဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ပြစ်မှု (crime against humanity) ကို ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ဤဖြစ်ရပ်သည် ရခိုင်ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ယနေ့အထိ ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်းများမှ ဆရာတော် ဖမ်းဆီးမှုကို ဆန့်ကျင် ရှုတ်ချကြောင်း၊ ကြေညာချက် ၇ ခု ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အသျှင်ပညာစာရ ဖမ်းဆီးမှုမှာ နအဖ အစိုးရက ရခိုင် နှင့် ဗမာလူမျိုးကို သွေးခွဲမှု ဖြစ်ကြောင်း သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ၊ မဲဆောက်မြို့) တာဝန်ခံ ဆရာတော် အရှင်ဇဝနပြော (ဧရာဝတီ)
သံဃာတွေ ကြွလာအောင် ဆွနေတဲ့သဘောပဲ။ ကြွလာတာနဲ့ ငါတို့ နှိပ်ကွပ်ပြမယ်ဆိုတဲ့ သဘောပဲ။ ရခိုင်ဆရာတော်ဆိုလည်း သူဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာကို စုဆောင်းထားသူဖြစ်တယ်။ သူ့ပစ္စည်းတွေကို မတရားသိမ်းပိုက်တယ် ဆိုတာ ရခိုင်လူမျိုးတွေဘက်က ကြည့်မယ်ဆိုရင် တော်တော်ကို မကျေနပ်စရာဖြစ်တယ်။
သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောနေပေမယ့် ရခိုင်တွေဟာ ဗမာတွေအပေါ်မှာ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်နေတာ။ တလျှောက်လုံးလည်း တိုင်းရင်းသားတွေ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်ခဲ့တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေဟာ ဗမာတွေအပေါ် အထင်လွဲတာတွေ ရှိနေတယ်။
အသျှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ (နိရဉ္စရာ)
“ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ် ရေးကို ထိပါး နှောင့်ယှက်မှုစတဲ့ စွဲချက်တွေ အမူကြီးတွေ ဖြစ်ပါတယ်။ ဘုန်းကြီး တပါးက ဘယ်လိုလုပ်ပီး နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးအောင် လုပ်နိုင်ပါ့မလဲ။ အဲဒီအမူ အပါအ၀င် စည်ပင် သာယာ အက်ဥပဒေ ၆၁(ဂ) တို့၊ ပုဒ်မ ၄၀၆ ယုံကြည် အပ်နှံသည့် ပစ္စည်းကို အလွဲ သုံးစားမူတို့ ဆိုတာတွေက မလိုအပ်တဲ့ ပုဒ်မတွေပါ။ ဒါပေမယ့်လည်း သက်ဆိုင်ရာက ဆရာတော်ကို မကြိုက် လေတော့ ရတဲ့အမူနဲ့ ထောင်ဒဏ်များများ ချနိုင်အောင် တရား စွဲဆိုလိုက်တာ ဖြစ်ပါတယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။
“ဆရာတော်ကို ဖမ်းတုန်းကဆိုရင် အာဏာပိုင်တွေ အနေနဲ့ တရားဥပဒေ အတိုင်း ဆောင်ရွက် လိမ့်မယ်ဆိုပြီးတော့ စစ်တွေ လူထုက သိပ်စောဒက တက်တာ မရှိကြဘူး။ နောက်ကလေးတွေကို ဗမာပြည်ကို ပို့တယ်၊ ပီးရင် သမိုင်းဝင် ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို သိမ်းဆည်းသွားတယ်။ ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်။ အခုတခါ ဆရာတော်ကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက် တယ်ဆိုတဲ့ ပုဒ်မကြီးတွေကို တပ်ပြီး တရားစွဲဆိုလာတော့ လူတွေက မယုံကြည် နိုင်လောက်အောင် ဖြစ်လာပြီး မေးခွန်းတွေ ထုတ်လာကြတယ်။ ဆရာတော်ကို အာဏာပိုင်တွေက ဖမ်းဆီး တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဆိုပြီး လူတွေရဲ့ အသံက ထွက်လာတယ်။ စွဲချက်တင်ထားတဲ့ အမှုတွေ အပါအ၀င် အာဏာပိုင်တွေရဲ့ တဖက်သတ် လုပ်ရပ်ကို လူတွေက လက်မခံ နိုင်စရာတွေ ဖြစ်လာတာကို တွေ့လာရပါတယ်” ဟု ပြောသည်။
Free Ashun Pyinnyasara (Arakan Land)
Arakanese and Burmese Democracy Activists were demonstrating the in front of the Burmese Embassy in Tokyo, Japan led by Arakan League for Democracy (Exile-Japan) on Tuesday, August 17, 2010. This demonstration was shown that cause against the arrest of Ashun Pinnyasara, forfeiture of Arakanese heritage artifacts and some seventy kids of 120 orphanage children who were forced to send to the Burma by Burmese military government.
All Arakanese and All Arakanese Organizations are deeply expressed their concern about Ashun Pinnyasara was forced to leave his priesthood regardless of Winaya (rule of law of Buddha). One of the apart of Global action, World Arakanese Organization has to plan worldwide teleconference will be held on Saturday, August 21, 2010. Everyone is cordially invited by WAO.
ဦးပညာစာရကို ပုဒ်မ ၇ ခုဖြင့် တရားစွဲ (RFA)
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို မနေ့က ရုံးထုတ်ပြီး အစိုးရ တရားလိုပြသက်သေ ၂ ဦးကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဦးပညာစာရအား ဖမ်းဆီးတဲ့ ကိစ္စအပေါ် မကျေနပ်မှုတွေ မြင့်မားနေ (ယနေ့မြန်မာ)
... မိဘမဲ့ကလေးတွေကိစ္စ၊ သူထိမ်းသိမ်းထားတဲ့ ရခိုင်သမိုင်းဝင် ပစ္စည်းတွေ ဆုံးရှုံးတာကို စစ်တွေမြို့ခံတွေ အပါအ၀င် ရခိုင်တစ်မျိုးသားလုံးက စိုးရိမ်နေကြတယ်လေ။ ဆရာတော်ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက စာထုတ်တာနဲ့ ပတ်သက်ပြီး၊ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံ ဆွေးနွေးတဲ့အပေါ် စစ်တွေ ဒေသခံတွေက တော်တော် ပေါက်ကွဲကြတယ်။ ...
ဆရာတော် ဦးပညာစာရဟာ မိဘမဲ့ကလေးများကို ခေါ်ယူကျွေးမွေး ပြုစု ပျိုးထောင်နေသူ ဖြစ်ကာ ရှေးဟောင်း ရခိုင်အမွေအနှစ်များကို စုဆောင်းသူ ဖြစ်တဲ့အတွက် စစ်တွေမြို့ခံတွေက ကြည်ညိုလေးစားသူ ဖြစ်တဲ့အကြောင်း၊ အခု အမှုဖြစ်စဉ်ဟာလဲ ဆရာတော်ကို တမင် အမှုဆင်ကာ တရားစွဲဆိုတာ ဖြစ်နိုင်ကြောင်း အများက သုံးသပ်နေကြပါတယ်။
အသျှင်ပညာစာရ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ တောင်းဆို (RFA)
ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ရခိုင်သမိုင်းပညာရှင် အသျှင် ဦးပညာစာရနဲ့ ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
အသျှင်ပညာစာရ ဖမ်းဆီးမှု ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ (နိရဉ္စရာ)
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသားများမှ မြန်မာ့ သံရုံးရှေ့သို့ သွားရောက်ပြီး လတ်တလော ရင်ဆိုင် ကြုံတွေ့နေရသော ရခိုင်အရေး အတွက် ယခုလ ၁၇ ရက်နေ့က သွားရောက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဦးဆောင် လူပ်ရှားသူ လူငယ် တဦးဖြစ်သူ ကိုကျော်သန်းလိုင်က “ ဖမ်းဆီး ထားတဲ့ အရှင် ပညာစာရကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ သြဂတ်စ်လ ၁၁ ရက်နေ့က ထောင်ချလိုက်တဲ့ ရခိုင်လူငယ် ၁၁ ဦးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်အစိုးရမှ သိမ်းယူသွားခဲ့တဲ့ ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ ဆိုင်ရာ အမွေအနှစ်များကို ပြန်လည် ပေးအပ်ရေးနဲ့ ဗမာပြည်သို့ ပြောင်းရွှေ့ ယူဆောင်သွားတဲ့ မိဘမဲ့ ရခိုင်ကလေးများကို ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ရေး စတဲ့ အချက်တွေကို တောင်းဆိုဖို့ အတွက် သွားရောက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် - ALD (ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် ရခိုင်တိုင်းရင်းသားများ အပါအ၀င် တခြားတိုင်းရင်းသား ၈၀ နီးပါးခန့် ပါဝင်ခဲ့သည်။
Arakan Review တွင် ဖတ်ရှုရန်
ဂျပန်ရောက် မြန်မာများက အသျှင်ပညာစာရ ဖမ်းဆီးမှု ကန့်ကွက်ကြောင်း
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေပုံ
အသျှင်ပညာစာရကို အမှု ၇ မှုဖြင့် စွဲချက်တင် (ဒီဗွီဘီ)
သူ့အပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်း အသုံးပြုမှု၊ တရားမ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ၂၄-၁၊ စည်ပင်သာယာ အက်ဥပဒေ ၆၁ (ဂ)၊ စုစုပေါင်း ၇ မှုနဲ့ စွဲဆိုထားပါတယ်။
သူ့ကို အစိုးရက တရားလိုလုပ် စွဲဆိုတာလို့ ဆိုပါတယ်။
ယဉ်ကျေးမှု အမွေအနှစ်များကို သိမ်းပိုက်ခြင်း၊ ကလေးငယ်များအား ရပ်ဝေး ပြောင်းရွှေ့ခြင်းများကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ RNDP နှင့် ကျောင်းသားအဖွဲ့ပြော (RFA)
အသျှင်ပညာစာရအား ဖမ်းဆီးပြီးနောက်ပိုင်း ဖြစ်ရပ်များနှင့် ပတ်သက်၍၊ RNDP ၏ သဘောထားနှင့် ရပ်တည်ချက်များ ဖြစ်သည့် ရခိုင်အမျိုးသားဂုဏ်ဆောင် ယဉ်ကျေးမှု အမွေအနှစ် သမိုင်းဝင်ပစ္စည်းများ သိမ်းပိုက်သွားခြင်း နှင့် ပတ်သက်၍ လည်းကောင်း၊ ကလေးငယ်များကို ရပ်ဝေး ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားလိုက်ပြီး၊ ၀ိဇ္ဇာပညာရပ်များအထူးပြု ရခိုင်ကျောင်းသားများကလည်း ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို စစ်တွေ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်တွင် အများပြည်သူ လေ့လာဖတ်ရှု နိုင်ရန် ထားရှိပေးဖို့ တောင်းဆိုကြောင်း၊ RFA (ရခိုင်အစီအစဉ်) နှင့် အင်တာဗျူးတွင် ဖြေကြားချက်ကို RFA မှ ၁၅-၈-၂၀၁၀ အသံလွှင့်ချက်တွင် ထုတ်လွှင့်သွားခဲ့သည်။
အသျှင်ပညာစာရ အတ္တုပ္ပတ္တိ စာအုပ် ထုတ်ဝေ ဖြန့်ချီ (Freedom Burma)
အသျှင်ပညာစာရ (သို့မဟုတ်) လူမျိုးကြီးဝါဒီ စစ်အာဏာရှင်များကို ခြိမ်းခြောက်သူ (သူ့ဘ၀၊ သူ့အကြောင်း၊ သူ့လုပ်ဆောင်ချက်များကို သူ၏ ရခိုင်ပြည်သူ ရခိုင်ပြည်သားများက စုပေါင်းဖော်ထုတ် ရေးသားသည်) စာအုပ်ကို ၂၀၁၀ ပြည့် သြဂုတ်လ ၁၄ ရက် ရခိုင်အမျိုးသား ခေါင်းဆောင်၊ သမိုင်းပညာရှင် ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းနေ့ အထိမ်းအမှတ်အဖြစ်၊ လေးဝတီ ရခိုင်တန်ဆောင် သုတေသန၀ိုင်းက ထုတ်ဝေ ဖြန့်ချီလိုက်ကြောင်း သိရသည်။ အဆိုပါ စာအုပ်တွင် စာမျက်နှာ ၈၈ မျက်နှာ ပါဝင်ပြီး၊ သမိုင်းသုတေသီ အသျှင်ပညာစာရ၏ ဘ၀တစ်စေ့တစ်စောင်း၊ စစ်အာဏာရှင် လက်ပါးစေများရဲ့ လူမဆန်တဲ့ စွပ်စွဲချက်များအပေါ် သုံးသပ်ချက်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်များ၊ ဆရာတော်အတွက် ကဗျာကဏ္ဍ၊ ရခိုင်ပြည်သူလူထုမှ ဆရာတော်နှင့် ပတ်သက်၍ ရေးသားတင်ပြချက်များကို စုံလင်စွာ ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ စာအုပ်ကို အောက်ပါ လင့်များတွင် download လုပ်ယူနိုင်ပါသည်။
၁။ Arakanese Community
၂။ လမ်းပြကြယ်
၃။ Freedom Burma
၎။ Scribd
ဆရာတော် ဦးပညာစာရ ကိစ္စ ရခိုင်ပါတီကို ခေါ်ယူတွေ့ဆုံ (ယနေ့မြန်မာ)
ဆရာတော် ဦးပညာစာရအား ဖမ်းဆီးပြီး နောက်ပိုင်းဖြစ်ရပ်များနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက သြဂုတ် ၁၀ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ထိုသဘောထားနဲ့ စပ်လျဉ်းပြီး စစ်အစိုးရ ဒေသတာဝန်ခံတွေက ပါတီ ဥက္ကဌအား သြဂုတ်လ ၁၁ ရက်နေ့က ခေါ်ယူကာ ပြောဆို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ယနေ့ မြန်မာက သတင်းရရှိပါတယ်။
ယနေ့ မြန်မာက သီးခြား မေးမြန်းချက်များအရ စစ်တွေမြို့ ဆရာတော် ဦးပညာစာရအား မြန်မာ စစ်အာဏာပိုင်များက ဖမ်းဆီးခြင်း၊ ၁၉၈၀ ခန့်မှ စတင်ကာ ဆရာတော် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်းသမိုင်း ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား စသည်ဖြင့် စာပေနဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းများအား မတရား သိမ်းယူခြင်း၊ မိဘမဲ့ ကလေးသူငယ်များအား စစ်တွေမြို့နဲ့ ဝေးရာသို့ ပို့ဆောင်ခြင်းများနဲ့ ပတ်သက်ပြီး၊ စစ်တွေမြို့ခံများ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀ိုင်းက မြန်မာ အာဏာပိုင်များအပေါ် အတော့်ကို မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။
ကြေညာချက်ပါသတင်းမှားပါက ပါတီဖျက်သိမ်းနိုင်သည်ဟု ကော်မရှင်က RNDP ကိုပြော (မဇ္ဈိမ)
ပါတီဖျက်သိမ်းသည်အထိ အရေးယူခံရမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် သတိပေးလိုက်ကြောင်း RNDP အဆိုအရ သိရသည်။ ရခိုင်သမိုင်းသုတေသီ အသျှင် ပညာစာရ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ RNDP က ယခုလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက ခေါ်ယူသတိပေးကြောင်း သိရခြင်း ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေအမှတ် ၂/၂၀၁၀ ကို ချိုးဖောက်သည်ဟု RNDP ကို ကောက်မရှင် စွပ်စွဲ (နိရဉ္စရာ)
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ အရှင်ပညာစာရ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်သည့် အပြင် ပြည်ပ သတင်း မီဒီယာများမှ ဆက်သွယ် မေးမြန်းမှုများကို လက်ခံ ဖြေဆိုခဲ့သည့် အတွက် ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖေါက်ရာ ရောက်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ RNDP ကို စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။
အသျှင်ပညာစာရဖမ်းဆီးမှု ဆန့်ကျင်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ကြေညာချက် ထုတ်ပြန် (RWU)
ရခိုင်အမျိုးသမီးများ အစည်းအရုံး (Rakhaing Women Union)က ၁၂ သြဂုတ် ၂၀၁၀ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင်- ဆရာတော်အား မတော်မတရား မာတုဂါမနှင့် စွပ်စွဲခြင်းမှာ လူမှုရေး၊ ဘာသာရေးအတွက် အကျိုးပြုနေသော ရဟန်းတော်တစ်ပါးကို အပြစ်ရှာရေးအတွက် မာတုဂါမ (အမျိုးသမီး)ကို ထည့်သွင်းအသုံးချခြင်း ဖြစ်သည်ဟုသာ ခံယူကြောင်း၊ တစ်နည်းအားဖြင့် ဘာသာရေးနှင့် အမျိုးသမီးထုကို စော်ကားလိုက်ခြင်း ဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေး တုန်းကလည်း ရဟန်းတော်များကို ဤသို့ စွပ်စွဲဖူးခဲ့သည့် သာဓကများ ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
အသျှင်ပညာစာရ statement ထုတ်ပြန်သည့်အတွက် RNDP သတိပေးခြင်း ခံရ (ဒီဗွီဘီ)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အသျှင်ပညာစာရ နှင့် ပတ်သက်သော သဘောထား အမြင်ကို ထုတ်ပြန်ပြီးနောက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးခဲ့ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောကြားသည်။
အသျှင်ပညာစာရကိစ္စ ကမ္ဘာ့ရခိုင်အသင်းကြီး (WAO)က Teleconference ကျင်းပမည် (WAO)
ရခိုင်ပြည်ရေဘေး ကိစ္စ၊ ရခိုင်သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ သိမ်းပိုက်ခြင်း ကိစ္စ၊ လူဝတ်လဲ ခံရသည့် သမိုင်းသုတေသီ အသျှင်ပညာစာရ ကိစ္စများနှင့် ပတ်သက်၍ ကမ္ဘာ့ရခိုင်အသင်းကြီး (ခေါ်) နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (World Arakanese Organization)က ကြီးမှူး၍ ကမ္ဘာတစ်လွှား ဆက်သွယ် ဆွေးနွေးမည့် Teleconference တစ်ရပ်ကို လာမည့် သြဂုတ်လ ၂၁ ရက်နေ့ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း WAO မှ ယနေ့ ၁၂-၈-၂၀၁၀ တွင် ထုတ်ပြန်ကြေညာသည်။
ဦးပညာစာရကို ဖမ်းဆီးထား၍ ရခိုင်တိုင်းရင်းသားများ မကျေနပ် (RFA)
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးထားတဲ့အတွက် ဒေသခံတွေက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို သဘောထားနဲ့ အကြံပြုချက်တွေ ထုတ်ဖော်ခဲ့ကြတယ်လို့ အဲဒီပါတီက သတင်း ထုတ်ပြန်ပါတယ်။
ဆရာတော်ကို တရားစီရင်ရာမှာ ထိုက်သင့်တဲ့ ဥပဒေ အခွင့်အရေးတွေ ပေးအပ်ဖို့။ ဆရာတော် ပြုစုခဲ့တဲ့ ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိတဲ့ပစ္စည်းတွေကို ရခိုင်ဒေသမှာပဲ ထားရှိဖို့ စတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကိုလည်း ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နအဖက ရခိုင်တိုင်းရင်းသားများအပေါ် Genocide ပြစ်မှု ကျူးလွန်နေ (နိရဉ္စရာ)
ဦးပညာစာရ ဖြစ်ရပ်တွင် နအဖသည် ရခိုင်တစ်မျိုးသားလုံးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ အန္တရာယ် ပြုသည့်ပြင်၊ ရခိုင် ရင်သွေးကလေးငယ်များကို ရခိုင်မဟုတ်သည့် တစ်ခြား လူမျိုး အုပ်စု တစ်ခုသို့ အတင်းအကျပ် ပြောင်းရွှေ့ ပစ်သည်မှာ ထင်ရှားနေသည်။ နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC)က၊ ရာဇ၀တ်ပြစ်မှုနှင့် ပတ်သက်၍ သတ်မှတ်ဖော်ပြသော အချက် (၅) ချက်တွင် နံပါတ် (၂) ဖြစ်သည့် လူအုပ်စု၏ အဖွဲ့ဝင်များ ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ အန္တရာယ် ပြုခြင်းနှင့် အချက် နံပါတ် (၅) ဖြစ်သည့် လူအုပ်စုတစ်ခုအတွင်းမှ ကလေးငယ်များအား အခြား လူအုပ်စုတစ်ခု အတွင်းသို့ အတင်း အဓမ္မ ပြောင်းရွှေ့ခြင်းဆိုသည့် အချက်များကို နအဖမှ ထင်ထင်ရှားရှား ကျူးလွန်နေသည်။ ထို့ကြောင့် နအဖ စစ်အစိုးရသည် ရခိုင်တိုင်းရင်းသားများ အပေါ်တွင် Genocide ရာဇ၀တ်ပြစ်မှုကို ကျူးလွန်နေသည်။
အသျှင်ပညာစာရအမှုတွင် ဥပဒေအတိုင်း ဖြစ်စေရန် ရခိုင်ပါတီ တောင်းဆို (ဒီဗွီဘီ)
ဆရာတော်ရဲ့ အမှုအတွက် တရားဥပဒေအရ ခုခံကာကွယ်ခွင့် ပေးဖို့နဲ့ သိမ်းဆည်းသွားတဲ့ သမိုင်းဝင် ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ရခိုင်ပြည်တွင်းမှာပဲ ထားရှိပေးဖို့ အပြင်၊ ဆရာတော် နှစ်ပေါင်း ၂၀ ပြုစုခဲ့တဲ့ ကလေးတွေကို ရခိုင်ပြည်တွင်းမှာပဲ ထားရှိစေလိုကြောင်း ယခုနှစ် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အသျှင်ပညာစာရ ဖမ်းဆီးမှု ပထမဆုံး Statement ထုတ်ပြန်သည့် Arakanese Community Website တိုက်ခိုက်ခံရ။
"ရခိုင်သုတေသီ ဆရာတော်အသျှင်ပညာစာရ မတရားအဖမ်းခံထားရခြင်းနှင့် ပတ်သက်သော သဘောထားအမြင်နှင့် ဗမာနယ်ချဲ့ ကိုလိုနီစစ်စနစ်ဆိုး၏ လူစိတ်မရှိသော စရိုက်ပျက်များကို statement့ ထုတ် ထောက်ပြဝေဖန် လိုက်သည့် နောက်ပိုင်းတွင် ရခိုင်အသိုင်းအ၀ိုင်း ၀က်ဆိုက်သည် hacking လုပ်ခြင်းကို ခံလိုက်ရကြောင်း၊ ကမ္ဘာပေါ်မှာအဆိုးဆုံး လူစိတ်မရှိဆုံး ဗမာနယ်ချဲ့ ကိုလိုနီစစ်စနစ်ဆိုး၏ တရားဥပဒေမဲ့ လုပ်ရပ်များကို အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလိုက်သည့် အတွက် ယခုကဲ့သို့ အောက်တန်းကျသောနည်းဖြင့် အတိုက်ခိုက်ခံလာရခြင်းဖြစ်သည်ဟု ရခိုင်အသိုင်းအ၀ိုင်း (နယ်သာလန်) က ယူဆကြောင်း" Arakanese Community ဧ။် Information Desk က ၁၁-၈-၂၀၁၀ နေ့တွင် သတင်း ထုတ်ပြန်သည်။ ရခိုင် လူမှုအသိုင်းအ၀ိုင်း (နယ်သာလန်)သည် ဆရာတော် ဖမ်းဆီးခံရပြီးနောက် ပထမဆုံး ကြေညာချက် ထုတ်ပြန်သည့် ရခိုင် အဖွဲ့အစည်း ဖြစ်သည်။
RNDP Party Issues Statement on historian monk's Arrest
A recently formed Arakanese political party issued a statement on the arrest of a historian monk in Arakan State on Monday, after authorities seized many precious ancient artifacts and relocated 100 orphans to undisclosed locations.
The party stated that the ancient antiques that were seized by authorities are an invaluable part of Arakanese inheritance and should be placed in Arakan State in accordance with law so they may be displayed for visitors.
Moreover, the party said that the arrested monk Ashion Pyinya Sara should get the chance to face charges in court in accordance with the law of Burma because he is a citizen.
နိရဉ္စရာ မြန်မာသတင်း
အသျှင်ပညာစာရ ဖမ်းဆီးခံရမှု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ သဘောထား ထုတ်ပြန် (Arakan Review)
ရမ္မာဝတီ အသျှင်ပညာစာရအား အာဏာပိုင်များက ဖမ်းဆီးခြင်း အဖြစ်အပျက်များနှင့် ပတ်သက်၍၊ တရားဝင် နိုင်ငံရေး ပါတီဖြစ်သော၊ ရခိုင်ပြည်နယ် အခြေပြု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဗဟိုဌာနချုပ်၊ စစ်တွေမြို့)က ယနေ့ ၉-၈-၂၀၁၀ တွင် သဘောထား ထုတ်ပြန်လိုက်သည်။ ကလေးသူငယ်များအား ဝေးကွာသော ဒေသများသို့ ပို့ဆောင်ခြင်းကို စိုးရိမ်ကြောင်း၊  သိမ်းယူသွားသော သမိုင်းဝင် အမွေအနှစ် ပစ္စည်းများသည် ရခိုင်အမျိုးသား ဂုဏ်ဆောင် ပစ္စည်းများ ဖြစ်သဖြင့် ရခိုင်ဒေသ၌သာလျှင် ဥပဒေနှင့် အညီ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း၊ အသျှင်ပညာစာရအား တရားစစ်ဆေး စီရင်ရာတွင် ဥပဒေအရ နည်းလမ်းတကျ ခုခံနိုင်သော အခွင့်အရေး ရရှိသင့်သည်ဟု ယူဆကြောင်း ဖော်ပြပါရှိသည်။
အသျှင်ပညာစာရအား မတရားဖမ်းဆီးခြင်းကို ALD-exile ရှုတ်ချ (နိရဉ္စရာ)
စစ်အုပ်စုသည် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အသျှင်ပညာစာရအား ဥပဒေကို ကျော်လွန်၍ အာဏာကို အလွန်အမင်းသုံးစွဲကာ အနိုင်အထက် ပြုခြင်းအပေါ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်အရ မြန်မာပြည်၏ တတိယ အင်အား အကြီးဆုံး ပါတီ ဖြစ်ခဲ့ပြီး၊ ရခိုင်ပြည်၏ အကြီးဆုံး အတိုက်အခံ အင်အားစု ဖြစ်သော- ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချလိုက်သည်ဟု ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြ ပါရှိသည်။
အသျှင်ပညာစာရအပေါ် နအဖမှ မတရား ပြုမူ ဆောင်ရွက်ပုံများ လက်ခံနိုင်ဖွယ် မရှိဟု ဆရာတော် အသျှင်ဣန္ဒစက္က ပြောကြား (RFA)
ဆရာတော် အသျှင်ပညာစာရအား စစ်ဝါဒီ နအဖ အလိုကျ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ခြင်းကို လုပ်ဆောင်ပေးသည့် ရခိုင်ပြည်နယ်မှ ဘုန်းတော်ကြီး အချို့တွင် အပြစ်ရှိကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို မတရား သိမ်းပိုက်ခြင်း၊ အနာဂတ် ကြယ်ပွင့်များ ဖြစ်လာမည့် ကလေးငယ်များကို  စစ်ဝါဒီ နအဖ စစ်သားများ အဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်း တို့မှာ လက်ခံနိုင်ဖွယ် လုပ်ရပ်များ မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သမိုင်းသုတေသီ အသျှင် ဣန္ဒစက္က က RFA (ရခိုင်အစီအစဉ်) နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
၈-၈-၂၀၁၀ RFA မှ ရခိုင်ဘာသာဖြင့် ထုတ်လွှင့်ချက်
ဝိဇ္ဇာပညာရပ်များအထူးပြု ရခိုင်ကျောင်းသားများ (တက္ကသိုလ်များ-ရန်ကုန်) က အသျှင်ပညာစာရ ဖမ်းဆီးမှု ဆန့်ကျင် (AMP)
အသျှင်ပညာစာရအား ဖမ်းဆီးမှုသည် ဥပဒေမဲ့ တရားနည်းလမ်း မကျ ဆောင်ရွက်ခြင်း၊ ရခိုင် တစ်မျိုးသားလုံး ၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များကို မတရား သိမ်းပိုက်သွားခြင်း၊ ရခိုင် ဒေသခံ ပြည်သူတို့၏ သဘောထား ဆန္ဒကို ဆန့်ကျင်ခြင်း ဖြစ်သဖြင့် ပြင်းထန်စွာ ရှုံ့ချ လိုက်ကြောင်းနှင့် ရခိုင် ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များကို ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက် တွင် ထိန်းသိမ်းကာ၊ ရခိုင်ပြည်နယ်မှသုတေသန အထူးပြု ကျောင်းသူ၊ ကျောင်းသား များနှင့် သုတေသီများ လေ့လာ နိုင်ရန် စီစဉ်ဆောင်ရွက် ပေးပါရန် တောင်းဆိုကြောင်း ရခိုင်ကျောင်းသား/ကျောင်းသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသျှင်ပညာစာရနှင့် ရှစ်လေးလုံး နိုင်ငံရေးခေါင်းစဉ်ကို ဒေါက်တာ လွဏ်းဆွေ ယှဉ်တွဲဖော်ပြ (ဒေါက်တာလွဏ်းဆွေ)
မြန်မာ့ နိုင်ငံရေး သတင်းဆောင်းပါးများ စုစည်း ဖော်ပြရာ ထိတ်တန်း နာမည်ကြီး ဘလော့ တစ်ခု ဖြစ်သည့် ဒေါက်တာ လွဏ်းဆွေ ဘလော့ တွင် မြန်မာ့ရေးရာ သတင်းပဒေသာ  (၈-၈-၂၀၁၀) ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ခေါင်းစဉ်အောက်၌ ဆရာတော် အသျှင်ပညာစာရ၏ ဓာတ်ပုံကြီးကို သီးသန့် ဖော်ပြထားသည်ကို ၈-၈-၂၀၁၀ နေ့တွင် တွေ့ရသည်။
ဦးပညာစာရအား ဖမ်းဆီးခြင်းမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး လုပ်ကြံမှုဟု US မှဆရာတော်များပြော (မိုးမခ)
ဦးပညာစာရ အား စစ်အစိုးရက ဖမ်းဆီးနှိပ်စက်ခြင်းသည် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး လုပ်ကြံမှုတခုဖြစ်သည် ဟု အမေရိကန်ရောက် ဆရာတော်များက ပြောကြားလိုက်သည်။ “ဒါဟာ နိုင်ငံရေးအရ လုပ်ကြံတာ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ စစ်အာဏာရှင်တွေ အနေနဲ့ နှစ်ပေါင်းများစွာ အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာတွေနဲ့ တထပ်တည်း ဖြစ်တယ်။ ဒါ့အပြင် ဘာသာရေး အဖွဲ့အစည်းတွေ၊ အသိုင်းအ၀န်းတွေ အပေါ်မှာ မတရားဖိနှိပ် ချုပ်ချယ်ထားတာတွေရဲ့ ပြယုဒ်လည်း ဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး လုပ်ကြံမှု၊ စော်ကားမှု ဖြစ်တယ်
ရခိုင်လူမှုအသိုင်းအ၀ိုင်း (နယ်သာလန်) က ဦးပညာစာရအား ဖမ်းဆီးခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် (Arakanese Community)
ရခိုင်သမိုင်းသုတေသီ အသျှင် ပညာစာရကို တရားလက်လွတ် ဥပဒေမဲ့ ဖမ်းဆီးပြီး ရှေးဟောင်း ရခိုင်သမိုင်း စာပေ အမွေအနှစ်များကို ဖျက်ဆီးလိုက်ခြင်း၊ ရခိုင်တို့၏ အနာဂတ်ကို ချိုးဖဲ့ ရိုက်ချိုးလိုက်ခြင်း စသည့် နအဖ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၇-၈-၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ပါမောက္ခ ဒေါက်တာ အေးချမ်း
အသျှင်ပညာစာရ အကျင့်သီလ ပျက်ယွင်းလိမ့်မည် မဟုတ်ဟု Dr.အေးချမ်းပြော (WAO)
နအဖ စစ်အစိုးရနှင့် ၄င်း၏ အလိုတော်ရိများ စွပ်စွဲသကဲ့သို့ ရမ္မာဝတီ အသျှင်ပညာစာရသည် အကျင့်သီလ သိက္ခာ ပျက်ယွင်းလိမ့်မည် မဟုတ် ဟု သူ ယုံကြည်ကြောင်း ဂျပန် နိုင်ငံ၊ ကန်ဒ တက္ကသိုလ်မှ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက သြဂုတ်လ ၇ ရက်၊ ယနေ့တွင် ထုတ်ဖော် ပြောဆို လိုက်သည်။ နိုင်ငံရေးအရ အရှိန်အ၀ါ ကြီးမားသော ရခိုင် အမျိုးသား သမိုင်းပညာရှင် ၏ ယင်းသို့ ထုတ်ဖော်ပြောဆိုချက်ကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း၊ အဖွဲ့ဝင်များထံသို့ ရောက်ရှိသော  အီးမေးလ်တွင် တွေ့ရခြင်း ဖြစ်သည်။
ဒေါက်တာ အေးချမ်း၏ အီးမေးလ်
WAO-ရခိုင်အမျိုးသားအသင်းကြီး Signature Campaing ဆောင်ရွက်ရန် စီစဉ်နေ (WAO)
နိုင်ငံတကာ ရခိုင်အမျိုးသား အသင်းကြီး (WAO) ၏ အမှုဆောင် လူကြီးများ ဖြစ်ကြသော ဒေါက်တာ ဧကျော်၊ ဒေါက်တာ အေးချမ်း၊ ဦးဦးစိန်ထွန်း၊ ဦးလှကြည်၊ နှင့် ဦးခိုင်ကျော်ခိုင်တို့ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ကျင်းပပြီး၊ ဆရာတော် အသျှင် ပညာစာရနှင့် ပတ်သက်၍ ၀ိနည်းနှင့် ဥပဒေကြောင်း အရ ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များထံမှ လက်မှတ်ရေးထိုး တောင်းဆိုမည့် Signature Campaign တစ်ရပ် ဆောင်ရွက်ရန် စီစဉ်နေပြီး၊ နအဖထံ ပေးပို့သွားရန် ပြင်ဆင်နေကြောင်း၊ ဒေါက်တာ အေးချမ်း၏ ရေးသား တင်ပြချက် ကို wao-global တွင် တွေ့ရသည်။
အသျှင်ပညာစာရ ကျောင်းတိုက်ပိတ်မှု စစ်တွေမြို့ခံများ မကျေမနပ်ဖြစ် (ခေတ်ပြိုင်)
စစ်တွေမြို့မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား ဖမ်းဆီးပြီး ကျောင်းတိုက်ရှိ မိဘမဲ့ ကလေး (၇၀) ကို အာဏာပိုင်များက နယ်ပြောင်းလိုက်သည့်အတွက် စစ်တွေ သံဃာတော်များနှင့် မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
အသျှင်ပညာစာရ အား အစိုးရက ဆလိုက်ရှိုးဖြင့် ပြသ ၀ါဒဖြန့် (နိရဉ္စရာ)
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား အာဏာပိုင်များမှ ဖမ်းဆီး လူဝတ်လဲခြင်းနှင့် ပတ်သတ်၍ အာဏာပိုင်များမှ လူထု အတွင်း ၀ါဒဖြန့် မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
အာဏာပိုင်များသည် စစ်တွေ လူထုအား ဖိတ်ကြားပြီး ယမန်နေ့က စစ်တွေမြို့ ပြည်နယ်ခန်းမတွင် ဦးပညာစာရအား ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး ဗွီဒီယိုရိုက်ကူး ထားချက်များကို ဆလိုက်ထိုးပြသခဲ့သည်ဟု တက်ရောက်ခဲ့သူ တဦးက ပြောသည်။
၂၀၁၀ သြဂုတ်လ ၁ ရက်နေ့ RFA မှ ရခိုင်ဘာသာဖြင့် ထုတ်လွှင့်သော သတင်း
ဗီဒီယိုသတင်းအဖြစ် ကြည့်ရှုနိုင်ပါသည်။
အဲဒီ ဆရာတော်ကို သာမာန် လူမှုရေး စိတ်အားထက်သန်တဲ့ ဆရာတော် အဖြစ် သိကြသလို၊ မိဘမဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ မျိုးချစ် ရခိုင် ဆရာတော် တစ်ပါးအဖြစ်လဲ လေးစားနေခဲ့ကြတာပါ။ ... ဆရာတော်က ရခိုင် သမိုင်း တွေကို သုတေသနလုပ်တယ်၊ အနာဂတ် မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင့် မျိုးဆက်သစ် ကလေးငယ်တွေကို ပညာတတ်ကြီးတွေဖြစ်အောင် ပြုစုပေးနေတယ်၊ ဆရာတော်ရဲ့ အရှိန်အ၀ါတွေ ဒေသခံတွေအပေါ် သြဇာ လွှမ်းမိုးလာတာတွေကြောင့် အစိုးရက အခုလိုမျိုး ပုဒ်မတွေနဲ့ ဖမ်းဆီးပြီး ဆရာတော်ရဲ့ ကျော်ကြားမှုကို သက်သက်မဲ့ အညွှန့်ချိုးခဲ့တာပါ
အသျှင်ပညာစာရကျောင်းမှ မိဘမဲ့ ကလေးများ ရပ်ဝေးအပို့ခံရ (ဧရာဝတီ)
“ဒီနေ့မနက် ၈ နာရီလောက်မှာ ကလေးတွေကို ဟိုင်းဝေးကားကြီးတွေနဲ့ခေါ်သွားပါတယ် ၊ ကလေးတွေက ဘာမသိ ညာမသိနဲ့ ပါသွားတာပါ၊ နည်းနည်းကြီးနေပြီဖြစ်တဲ့ ကလေးတွေရဲ့မျက်နှာတွေက လုံးဝစိတ်ထိခိုက်နေကြတဲ့ပုံပါ”ဟု ဒေသခံ မျက်မြင် တဦးက ဧရာဝတီသို့ ပြောသည်။
လူဝတ်လဲခြင်းနှင့် ပတ်သက်၍ ၀ိနည်းတော်နှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် စစ်တွေမြို့မှဆရာတော်၊ သံဃာ တော် အများစုမှာ မကျေနပ်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
အသျှင်ပညာစာရအား ၀ိနည်းတော်အရ လူဝတ်လဲခြင်း မဟုတ် (နိရဉ္စရာ)
စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းမှ ရမ္မာဝတီ အရှင် ပညာစာရအား လူဝတ်လဲခြင်းမှာ ၀ိနည်း တော်နှင့်အညီ မဟုတ်ကြောင်းနှင့် အမိန့်ရ ပြုလုပ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် သံဃာ့ နာယက ဥက္ကဌ ဓမ္မသုခကျောင်း ဆရာတော် ဦးသောမမှ ပြောသည်။
စစ်တွေ လုံခြုံရေး တင်းကျပ် (Arakan Review)
မိဘမဲ့ ကလေးတွေကို ပြုစုပြီး စာသင်ပေးနေတဲ့ ဆရာတော် ပညာစာရကို ကောလဟလ သတင်းတွေ ဖြန့်ပြီး ဖမ်းသွားတာရယ်၊ ကျောင်းမှာ ရှိတဲ့ ကလေးတွေကို ဘယ်ကို ပို့လိုက်မှန်း မသိဘဲ ပျောက်နေတာတွေရယ်၊ အဲဒီကျောင်းက ရခိုင်နဲ့ဆိုင်တဲ့ သမိုင်း ယဉ်ကျေးမှု စာပေတွေကို သိမ်းဆည်းသွားပြီး ကျောင်းကိုပါ ချိတ်ပါထားတာတွေရယ် အဲဒါတွေကို စစ်တွေမှာ ရှိတဲ့ ဒေသခံ လူထုတွေက မကျေနပ်တဲ့ အတွက် ဆန့်ကျင် ကန့်ကွက် လာနိုင်တယ်။
အသျှင်ပညာစာရ ကိစ္စကြောင့် စစ်တွေ လုံခြုံရေးတိုးမြှင့် (နိရဉ္စရာ)
လုံခြုံရေး ချထားလိုက်ခြင်းမှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းမှ အရှင် ပညာစာရအား ဖမ်းဆီးပြီး လူဝတ်လှဲကာ ချုပ်နှောင်ထားသည့် အပေါ် မြို့ခံများနှင့် ရဟန်းတော်များက မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဆူပူမှုများ ဖြစ်လာမည်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့် ချထားခြင်း ဖြစ်ကြောင်း ....
နအဖ၏ ရန်သူစစ်စခန်းပမာ သိမ်းပိုက် ချိပ်ပိတ်ခံရသည့်
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ဘုန်းကြီးကျောင်း
ရခိုင်သမိုင်းသုတေသီ ဘုန်းကြီးကျောင်း ချိပ်ပိတ် (ဒီဗွီဘီ)
အဲဒီတော့ သူ့ကို စာရွက်စာတမ်း နိုင်ငံရေး ကိစ္စနဲ့ မလိုက်ဖူးဆိုရင် ကျနော့်ကိုလဲ ခေါ်မေးစရာ အကြောင်း မရှိဘူး။ အဲဒီတော့ ကျနော်နဲ့ ကျွန်တော့် တပည့်တစ်ယောက်ကို ခေါ်မေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒါ နိုင်ငံရေးနဲ့ ပတ်သက် လာတယ် ဆိုတဲ့ အမြင်ကို ကျနော်မြင်တယ်။ (ဦးခိုင်ပြည်စိုး၊ အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
အသျှင်ပညာစာရ သတင်း ဦးခိုင်ပြည်စိုး ဖြေကြားချက် (နိရဉ္စရာ)
ကျနော်တို့ ပထမကြားတဲ့သတင်းအရ ဆရာတော် ဦးပညာစာရကို မာတုကာမ ကိစ္စနဲ့ ဖမ်းတယ်လို့ အဲသလို သတင်းရတယ်။ ဒါပေမယ့် လက်ဆုတ်လက်ကိုင် ဘယ်သူမှ ပြနိုင်တာ မဟုတ်ပါဘူး။ မြင်တာလည်း မရှိဘူး။ .... (ဦးခိုင်ပြည်စိုး အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
U Khaing Pyi Soe interrogated on U Pyinnyasara (Narinjara)
A member of the secretary board for the recently approved Rakhine National Development Party was interrogated on Monday by military intelligence officers about two political papers that were seized from Ashion Pyinya Sara.
Ashion Pyinya Sara is a respected historian who often revealed the history of Arakan through articles published in journals and magazines. The authority, however, sees this as behavior against the solidarity of the union.
အသျှင်ပညာစာရ နှိပ်စက်ခံရ (RFA)
နိုင်ငံရေး စာရွက်စာတမ်းတွေ လက်ဝယ် ထားရှိတယ် ဆိုပြီး မကြာခင်က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က သံဃာတော် တစ်ပါးကို သင်ကန်းချွတ် လူဝတ်လဲပစ်လိုက်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ် စစ်ဆေးနေတဲ့ အတွက်  ကျန်းမာရေး ချို့ယွင်းနေပြီ ဖြစ်တဲ့အကြောင်း မျက်မြင်တွေ့ခဲ့ရသူက ပြောဆိုပါတယ်။ 
ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း (နိရဉ္စရာ)
ဦးပညာ စာရသည် မျက်နှာညိုမဲနေပြီး၊ မြင်ရက်စရာမရှိလောက်အောင် အလွန်ပိန်ချုံးနေကြောင်း၊ စကားပြောစဉ်တွင်ပင် အလွန် အားနည်းနေကြောင်း သိရသည်။ရဲတပ်ဖွဲ့ ဝင်တချို့  ပြောကြားချက်အရ နေ့ မအိပ်ရ၊ ညမအိပ်ရ စစ်ဆေးနေ ပြီး အစာမပေး ရေမပေးကြောင်းသိရသည်။ အစာငတ်ခံဆန္ဒပြနေသည်ဟုလည်း ပြင်ပတွင် ပြောနေကြသည်။
Arakan Review တွင်လည်း ဖော်ပြထားပါသည်။
အသျှင်ပညာစာရ ဖမ်းဆီးခံရမှု (ဧရာဝတီ)
... တော်တော် ယုတ်ညံ့တဲ့ လုပ်ရပ်ပါ။ ပရဟိတ အလုပ်ကို ကိုယ်ကျိုး မကြည့်ဘဲ လုပ်နေတဲ့ ဆရာတော်ကိုမှ ဒီလိုအမျိုးမျိုး စွပ်စွဲတာဟာ သာသနာကိုလည်း စော်ကားရာေ ရာက်ပါတယ်။ နောက်ပြီးတော့ ဆရာတော် သုတေသန လုပ်ပြီး စုဆောင်းထားတဲ့ ရခိုင်သမိုင်း အမွေ အနှစ်တွေကို မတရား သိမ်းဆည်းလိုက်တာဟာ စစ်ဝါဒီ လူမျိုးကြီး ၀ါဒရဲ့ အကြံအစည်ပဲ။ ဒါဟာ ရခိုင် အမျိုးသားတွေကိုလည်း စော်ကားသလိုဖြ စ်နေတယ်။ .... (Comment တစ်ခုပါ)
ဦးပညာစာရ ကျောင်းမှ ကလေးများကို ပြောင်းရွှေ့ (ဒီဗွီဘီ)
သူဖွင့်ထားတဲ့ မိဘမဲ့ကျောင်းက ကလေးငယ်တွေကို စစ်တပ်က လာရောက်ခေါ်ယူ သွားတယ်လို့ အဲဒီ ဘုန်းကြီးကျောင်းနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။ ... ဆရာတော်ကို ဖမ်းဆီချိန်မှာ ကျောင်းတိုက်မှာရှိတဲ့ ဆရာတော် စာကြည့်တိုက်ထဲက ရခိုင်သမိုင်းဝင် စာပေတွေ၊ ရှေးဟောင်း ဒင်္ဂါးတွေ၊ ပုရပိုက်စာတွေ၊ ဓာတ်ပုံတွေကို လည်း လာရောက် သိမ်းယူသွားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
47 Orphans Moved to Undisclosed Location (Narinjara)
"We are now anxious about the children and many people in Sittwe oppose the authority's plan for sending them to unknown locations and the army recruitment unit. Now the issue is facing public criticism in Sittwe," the man said.
ဗုဒ္ဓ၀ိဟာရမှ ကလေးများ နယ်ဝေးပို့မှု ဆန့်ကျင် (နိရဉ္စရာ)
အဓိကတော့ ကလေး ၅၀ ကို လူမူ ၀န်ထမ်းဌာက ရန်ကုန်တိုင်း မှော်ဘီနဲ့ မန္တလေးတိုင်းကို ပို့မယ် ဆိုပီး စီစဉ်နေတာကို တားမြစ်နိုင်အောင် အစည်းအဝေး လုပ်ကြတာ ဖြစ်ပါတယ်။ ကလေးတွေကို ခုလို နယ်ဝေး ဒေသတွေကို ပို့တာဟာ မသင့်တော်တဲ့ အတွက် စစ်တွေက သာရေးနာရေး အသင်းတွေက ခေါင်းဆောင်တွေ တက်ရောက်ပီး ကလေးတွေကို အဲဒီကျောင်းတိုက်မှာဘဲ ဖြစ်ဖြစ် တခြား နေရာတခုမှာဘဲ ဖြစ်ဖြစ် ထားနိုင်အောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်...
Ven. U Pyinnyasara refused to eat (Narinjara)
The arrest of U Pyinya Sara is a little strange and different because the army's second commander of the Western Command himself participated in the arrest along with many soldiers. The allegations and arrest are not an army concern, but army officials were still involved in the arrest. It shows what authorities wanted to arrest him ...
ရမ္မာဝတီ အသျှင်ပညာရ၏ အခြေအနေစိုးရိမ်ရ (နိရဉ္စရာ)
ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်....
ရခိုင်သမိုင်းသုတေသီ ဆရာတော် ချုပ်နှောင်ခံရ (ဒီဗွီဘီ)
ဆရာတော် အနှစ်နှစ် အလလ စုဆောင်းထားခဲ့တဲ့ ရခိုင် ရှေးဟောင်းဒင်္ဂါးတွေ၊ နောက် ရှေးခေတ်က ဓည၀တီ၊ လေးမြို့၊ မြောက်ဦး၊ ခေတ်တွေက ရခိုင် ဗုဒ္ဓ အနုလက်ရာ စုံတွေရယ်၊ ရခိုင်သမိုင်း၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာတွေ အကုန်လုံး ရှိရှိသမျှ မသွားတယ်။ .... နိုင်ငံရေးမှု အပါအ၀င် တစ်ခြား စွဲချက်တွေနဲ့ စစ်ကြောနေတယ်။
Prominent Historian Monk Arrested in Sittwe (Nainjara News)
"The authority told us the reason for his arrest is that he was living with a woman against the religious law. But I do not believe the accusations of the authority and strongly believe his arrest was related to politics."
ရမ္မာဝတီ ဦးပညာစာရ ဖမ်းဆီးခံရ (နိရဉ္စရာသတင်း)
သူ့ရဲ့ကျောင်းမှာ အကျိုးဆောင် လုပ်နေတဲ့ မာတေဇာ အန်ဂျီအိုက တာဝန်ရှိသူ တချို့နဲ့ ပြဿနာ ဖြစ်ရာကနေ စွဲချက်အမျိုးမျိုးနဲ့ တိုင်းတာကြောင့် မနေ့က အရှင် ပညာစာရကို ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်...
ဦးပညာစာရ ဖမ်းဆီးခံရ (ဘီဘီစီ)
ဆရာတော် စာကြည့်တိုက်ထဲက ဆရာတော် သိမ်းဆည်းထားတဲ့ ရခိုင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ပေစာ၊ ပုရပိုက်စာနဲ့ ကျောက်စာတွေကိုလည်း အာဏာပိုင်တွေက သိမ်းယူခဲ့ပါတယ်။